အပိုင်း၁၂

20 4 0
                                    

ဖျက်ပြစ်ခဲ့သော အရာများအားလုံးအား ပြည့်မြတ်ကျော်စွာ သေချာကလေးနားထောင်နေမိသည်။ အဖေ့၏ အခုလို ပြန်လည်၍ ပြောပြခြင်းကြောင့် လွန်ခဲ့သော ၁၂လောက်ကိုပြန်ရောင်သွားသလိုပင်တည်း။

"ကျော်စွာ ကျုပ်လာပြီ"

ဟင်္သာ သည် အလိုက်သတိ ထွက်သွားပေးပြီး သရေစာ များစားကာ အိမ်ပေါက်ဝ၌ရပ်နေလေသည်။ ပြီးနောက် လက်ထဲ၌ ကိုင်ဆောင်ထားသော ရေသန့်ကို သူ၏ သွေးအိုင်ပေါ်တွင်လောင်း ချလိုက်လေတော့သည်။ သွေးများသည် အိမ်ရှေ့မှ တစ်ဆင့် ရေမြောင်းထဲသို့ ရောက်သွားခဲ့လေတော့သည်။

ထိုအခါမှလည်း ဟင်္သာ က ထိုသွေးအိုင်ကို ကျော်ခွကာ အိမ်ထဲဝင်လာပြီး ပြည့်မြတ်ကျော်စွာ၏ နဘေး ဖျာပေါ်တွင်ဝင်ထိုင် လိုက်လေတော့သည်။ ပြည့်မြတ်ကျော်စွာအား ဟင်္သာ သေချာကလေး ကြည့်လိုက်သည်။ အဖေနှင့် ပြဿနာဖြစ်ထားသောကြောင့် အဖေက ရိုက်ထားသလားဟု ရှာခြင်းပင်ဖြစ်သည်။ ပြည့်မြတ်ကျော်စွာအဖေ ကလည်း သေချာကလေးကြည့်နေသည် ဟင်္သာ ကိုပင်။

"အော်..၊ အဲ.. ဆက်ပြောကြပါ"

ဟင်္သာ သည် စကားတို့ကို အစပြုလိုက်လေတော့သည်။ ထိုအခါမှ အဖေနှင့်သား စကားပြန်လည်၍ပြောဆိုကြသည်။

"ဒါဆို အဖေက မတရားခံခဲ့ရတာပေါ့"

အဖေမည်သည်မှ မဖြေ ခေါင်းသာငြိမ့်ပြသည်။

"ဒါဆို ပတ္တမြားရော အဖေ"

"အဖေထက်လင်းဦး ဆီက ယူလာခဲ့ပြီးပြီး၊ တော်သေးတာပေါ့ အခုထိသိမ်းထားပေးလို့"

ဦးကျော်စွာသည် သူ၏ နဘေးစောင်းလွယ်အိတ်ထဲမှ အဝတ်စနှင့် ခြည်ထားသော ပိတ်စကို ဆွဲထုတ်လိုက်သည်။ ထိုပိတ်စသည် ဟောင်းနွမ်းနေခဲ့လေသည်။ ပြီးနောက် ထိုပိတ်စအား ဖြေချလိုက်သည်။ နီညိုရောင် ပတ္တမြားလေးက ထင်ဟတ်လာခဲ့သည်။ ဟင်္သာ မျက်လုံးပြူးသွားသည်။

"ကျော်စွာ..၊ ကျုပ် ​ အေးတယ်၊ချမ်းတယ်"

"ဟမ်!!"^2

အဖေနှင့်သား နှစ်ယောက်လုံးဆီမှ သံပြိုင်ထွက်ပေါ်လာခဲ့သည်။

ဟင်္သာ ဒိုင်ယာရီ (ပထမအတွဲ) (Complete)Où les histoires vivent. Découvrez maintenant