အပိုင်း၂၂

15 1 1
                                    

(သင်္ကြန်အကြိုနေ့)13.4.2019

ထိုနေတွင် ဟင်္သာ သည် အစောကြီးနိုးနေခဲ့လေ၏။ မနေ့က မိုးရွာထားခြင်းကြောင့် အိမ်ရှေ့၌ရှိသော ပိတောက်ပင်က ပိတောက်ပန်းများ လှိုင်လှိုင်ပွင့်နေလေ၏။ ဟင်္သာ သည် အိမ်ရှေ့၌ရှိသော ပိတောက်ပင်ဆီသို့ ခြေလှမ်းကြဲကြီးများဖြင့် လျောက်ကာသွားသည်။ ထိုအပင်အား ဟင်္သာ လှမ်း၍ ကြည့်နေလေ၏။

ပွင့်နေသော ပန်းမှာ တော်တော်မြင့်၏။ ခုန်၍ခူးချင်သော်လည်း ဟင်္သာ၏အရပ်သည် အနည်းငယ်ပုနေ၍ ထိုပန်းအား မမှီ။ ဟင်္သာ ထိုပိတောက်ပန်းအဝါများကို မှီနိုင်သည့်အနေအထားကို လိုက်ရှာနေ၏။ သို့တည်းမဟုတ် ထိုပန်းအားခူးဖို့ တံချွန်ကိုပါလိုက်ရှာနေ၏။ အနီးအနာတွင်လည်း တံချွန်နှင့်တူသောအရာဟူ၍ နည်းနည်းလေးမျှတောင်မရှိ။

ဟင်္သာ စိတ်ပျက်လက်ပျက်နှင့်သာ ထိုအပင်ကိုလှမ်း၍ကြည့်နေ၏။ မနက်မိုးသောက်ချိန်ဖြစ်၍ နေလုံးက အနည်းငယ်တော့ ထွက်စပြုနေပြီ။ နေရောင်တို့က ဟင်္သာ ၏မျက်နှာပေါ်သို့ ကျရောက်လာသည်။ မျက်လုံးများကျိန်း၍ မျက်လုံးကို တစ်ချက်ပိတ်ချလိုက်၏။ ထိုအချိန် ခြေလှမ်းများကြား၍ ဟင်္သာ သည် လျှင်မြန်စွာပင် အနောက်သို့လှမ်းကြည့်လိုက်၏။

"ဟင်! အေဖပဲ"

"ဘာလုပ်နေတာလဲ ဟင်္သာ"

"ဘာမှမဟုတ်ပါဘူး"

"ပန်းခူးမလို့မလား?"

ဟင်္သာ ခေါင်းညိမ့်လိုက်၏။ စိုင်းဆိုင်အေဖ၏ဖက်သို့ မျက်နှာမူလိုက်လေ၏။

"အင်း ဟုတ်တယ် မနက်အစောကြီး နေရောင်ချည်နဲ့အတူ ဖူးပွင့်လာမယ့် ပိတောက်ပန်းလေးကို ခူးချင်လို့"

"ပြည့်မြတ်ကျော်စွာ အတွက်မို့လား?"

"ဟင် မင်းကဘယ်လိုသိတုန်း"

"ဒီလိုပါပဲ မင်းက ရူးနေတဲ့အမေကိုတော့ ပန်းမပေးလောက်ပါဘူး၊ အဲကြောင့် ပြည့်မြတ်ကျော်စွာ လို့ထင်သွားတာ"

ဟင်္သာ စိုင်းဆိုင်အေဖ အားကြည့်နေရာမှ ပိတောက်ပန်းဖက်သို့ မျက်နှာမူလိုက်၏။ ပိတောက်ပန်းပင်သည် နေထွက်ရာအရပ်ဖြစ်၏။ ထိုကြောင့် ဟင်္သာ ၏ မျက်နှာနှင့် စိုင်းဆိုင်အေဖ၏ မျက်နှာတို့ ဝင်းလက်၍သွား၏။

ဟင်္သာ ဒိုင်ယာရီ (ပထမအတွဲ) (Complete)Where stories live. Discover now