အပိုင်း၉

28 4 0
                                    

ထက်လင်းဉီးနှင့် ခွဲခွာပြီး အိမ်ပြန်ရောက်ချိန် ပြည့်မြတ်ကျော်စွာသည် မည်သည်မှ မဆိုနေတောဘဲ ငိုချည်းသာငိုနေလေတော့သည်။ ချော့၍လည်းမရပါပေ ပြည့်မြတ်ကျော်စွာသာ ကလေးတစ်ယောက်ဖြစ်နေလျှင် ယခုအချိန် တင်ပါးကို နာနာကလေး ရိုက်ပစ်လိုက်ချင်သည်။ ဒီလိုငိုမယ်ဆို ကားထွက်တဲ့အထိ စောင့်နေပါရောလား ကျော်စွာရယ်။

"ကဲ... မငိုနဲ့တော့ အူကလီလီ တီးပြမယ် နားထောင်မလား?"

ပြည့်မြတ်ကျော်စွာသည် မျက်ရည်စတစ်ချို့ဖြင့်ရှိုက်ကြီးငိုကာ ပြောလာသည်။

"တီးရောတီးတတ်လို့လား...?ဟင့်..."

"ကဲ့ပါ ငိုမနေနက် ယောက်ျားမဟုတ်တဲ့အတိုင်းဘဲ..."

"ယောက်ျားလေးလည်း ငိုရတာဘဲလေ၊ မငိုရဘူးလို့ ဘယ်ဥပဒေမှာ မှမရှိဘူး၊ ဘယ်သူမှလည်းမပြောထားဘူး "

"ဒါပေမယ့်ကွာ"

ပြည့်မြတ်ကျော်သွာသည် ဟင်္သာ အားလှမ်း၍ဖက်လိုက်သည်။ ဟင်္သာ ၏ ရင်ခွင်ထဲသို့ ဝင်ရောက်ကာ ရှိုက်ကြီးတစ်ငင်ငင်နဲ့ပြောဆိုလေတော့သည်။

"ယောက်ျားလေးဖြစ်တိုင်းမငိုရဘူးတဲ့လား၊ အသည်းမကွဲရဘူးတဲ့လား၊ ယောက်ျားဖြစ်တိုင်းအကုန် လုပ်တတ်နေရမှာလား၊ ပြောစမ်းပါ ဟင်္သာ ရဲ့"

ဟင်္သာ မပြောတတ်ဘူး။ သေချာတာတစ်ခုက ဟင်္သာ ငိုနေရင် သူမနေတတ်ဘူး။ သူပါရောပြီးငိုချင်လာမိတယ်။ ဒါဟာအချစ်ကြောင့်ဖြစ်မယ်ထင်တယ်။ ဒေဝီငိုတုန်းက မထီမဲ့မြင်ပြုပြီး ဒုက္ခတွေကြီး ဆက်တိုင်ပေးမိလို့ ဝ၌ လိုက်တာများလား။ ဟင်္သာ မသိတော့ဘူး။

"ကျော်စွာ ငိုချင်ရင် ငိုလိုက်ပါ၊ ဒါပေမယ့် ကျော်စွာငိုတော့ ကျုပ်ရော၊ ကျော်စွာအမေရော ငိုချင်တယ်လေ၊ ကျုပ်ကိုမသနားချင်နေပါ၊ အမေကိုတော့သနားလေ"

"ဘယ်လို အမေက... အမေက ငို​နေတယ်တဲ့လား?"

ကျော်စွာ ဟင်္သာ ၏ရင်ခွင်ထဲမှ လှည့်ထွက်ကာ အမေ့ကိုကြည့်လိုက်ချိန်တွင် အမေသည် အာလူးကြော်အားစားကာ ငိုနေသည်ကိုတွေ့လိုက်ရသည်။ ထိုအခါတွင် ပြည့်မြတ်ကျော်စွာသည် သူ့ခေါင်းအား သူရိုက်ကာ ငါ့ကြောင့် ငါ့ကြောင့်
ဟု အပြစ်တင်လေတော့သည်။

ဟင်္သာ ဒိုင်ယာရီ (ပထမအတွဲ) (Complete)Tempat cerita menjadi hidup. Temukan sekarang