အပိုင်း၁၀

31 4 0
                                    

နာကျင်နေသော ခံစားမှု၊ ဝေဝါးနေသော အမြင်၊ စိမ်းသက်နေသော မျက်နှာကျက်၊ သွပ်ပြားများ နေ့လည်ခင်း အချိန်တွင် ဟင်္သာ တစ်ယောက် မေ့မျောခြင်းမှ နိုးထလာခဲ့သည်။ လက်၌ အပ်စိုက်ထားသောအရာတစ်ခု နဖူးပေါ်၌ ရေစိုအဝတ်တစ်ခု လေးလံနေသော မျက်လုံးများဖြင့် ခေါင်မိုး ကိုသာ စိုက်ကြည့်နေမိသည်။

"ကျော်စွာ၊ ကျော်စွာ..."

လည်ချောင်းအတွင်း၌ရေမရှိ၍ ခြောက်ကပ်နေသော အသံများဖြင့်သာ အော်ခေါ်နေမိသည်။ အိမ်ထဲ၌လည်း မည်သူမျှ မရှိပေ။

ထိုချိန် ဟင်္သာ သည်စွမ်းအားသုံးဖို့ ပြင်ဆင်တော့သည်။ ဟင်္သာ စွမ်းအား များထုတ်မိသည့်အခါ ခေါင်းမှ တစ်ဆက်ဆက် ကိုက်ခဲ၍လာသည်။ ဟင်္သာ သဘောပေါက်လိုက်မိသည် အားနည်းနေပါလား ဆိုပြီးတော့။ ဟင်္သာ လက်၌ သွင်းထားသော ဆေးထိုးအပ်ကို ဆွဲဖြုတ်လိုက်သည်။ ပြီးနောက် အားမရှိသော ခြေထောက်များဖြင့် ထမိသည်။

နဖူး၌ ကပ်ထားသော ရေစိုအဝတ်ကိုလည်း ဆွဲခွာလိုက်သည်။ ခန္ဓာကိုယ်အပူရှိန်နှင့် ထိုရေစိုအဝတ်မှာ ခြောက်သွားလေသည်။ မီးနှင့် ပတ်သက်ပြီး သုံးသည့်စွမ်းအားဖြစ်သည့်အတွက် ခန္ဓာကိုယ် လိုတာထက် ပို၍ပူနေခြင်းမှာ အကြောင်းမဟုတ်ပေ။

"ကျော်စွာ..."

တိုးလှစွာသော လေသံဖြင့် ခေါ်ဆိုမိသည်။ အသံကျယ်ကျယ်ခေါ်ရန် ခွန်အားမရှိပါပေ။ ငိုရင်းနှင့် အိပ်ပျော်သွားခြင်းဟာ ထိုမျှလောက် အားအင်ကုန်ခန်းသွားလေသလား?။ ဟင်္သာ မစဥ်းစားတတ်တော့ပေ။

"ကျော်စွာ၊ ဘယ်မှာလဲ.."

အိပ်ယာမှ နိုးစက်ခြင်း ပထမဆုံးတွေ့ချင်သောသူမှာ ကျော်စွာပင်ဖြစ်သည်။ ကျော်စွာ၏ မျက်နှာကလေးကိုတွေ့မြင်သွားခဲ့လျှင် အားအင်များပြည့်ဝသွားမည်ထင်သည်။

"ကျော်စွာ ဘယ်မှာလဲ"

ပါးစပ်မှ ကျော်စွာ ကျော်စွာဟုသာထွက်ဆိုနေမိသည်။ ကျော်စွာအား အာရုံခံဖို့ အားအင်မရှိပါ။ မတ်တပ်ရပ်၍သာ အသံငယ်နှင့် ခေါ်နေရသည်။ စကားများတောင် ကောင်းကောင်းပြောဖို့ မလောက်ငှပါပေ။

ဟင်္သာ ဒိုင်ယာရီ (ပထမအတွဲ) (Complete)Donde viven las historias. Descúbrelo ahora