Ep 1

631 15 6
                                    

Uni

အေဒီ ၁၅၄၃ ခုနှစ်

"မင်းမိဘတွေအတွက် မင်းပေးဆပ်ရမယ်~~! အသက်၂၀ထိ မင်းဘဝကသာသာယာယာနေခဲ့ရပြီ ~~~။ဒါပေမယ့် မင်းအေးဆေးနေရဖို့အတွက် သူများမိသားစုတွေပူလောင်ခဲ့ရတယ်။မျက်ရည်တွေ ချွေးတွေအများကြီးသုံးပြီး ရလာတဲ့ပိုက်ဆံတွေကို မင်းမိဘတွေမတရားလောဘတက် ဂုဏ်သွေးစုတ်ခဲ့ကြတယ်။ ဒီ့အတွက် မင်းပေးဆပ်ရမယ်~~~မင်းပေးဆပ်ရမယ် ! ဟား~~~ဟား~~ဟား~~ "
အဘွားအိုပြောစကားများကို နားထောင်နေသော ကောင်လေးမှာ သွေးအိုင်ထဲမှအဖေနဲ့အမေကိုကြည့်ရင်း အဆက်မပြတ်ငိုနေရင်း

"မ မ မလုပ်ပါနဲ့အဘွားရယ် ။ သားတောင်းပန်းပါတယ်။
အဖေ~~!
အမေ~~~!
ထကြပါဦး မသေနဲ့လို့ မသေပါနဲ့လို့ ~~~~"

"မင်း ခေါ်နေလည်း ထလာမှာမဟုတ်တော့ဘူး။သူတို့နှစ်ယောက်သေသွားကြပြီး ဟား ဟားဟား ဟား~~~
သူတို့နှစ်ယောက်ကတော့ ဒီဘဝကဝဋ်ကိုနောက်ဘဝသယ်သွားကြပြီ....
သူတို့နှစ်ယောက်ရဲ့ ဒီဘဝကဝဋ်ကြွေးကိုတော့ မင်းကသူတို့ကိုယ်စားဆပ်ရတော့မယ် သခင်ရေ ...... "
အဘွားအိုမှာရီစဲစဲဖြင့်ပြော‌ လေလေ ကောင်ငယ်လေးမှာတော့ပိုလို့ပင်ငိုချင်ရှာသည်။

"ဟင့် ဟင့် မ မလုပ်နဲ့အဘွားရယ် သားတကယ်တောင်းပန်းပါတယ် "

"မင်းတို့မိသားစု ကရောသူများတောင်းပန်းသံတွေနားထောင်ခဲ့လို့လား အခုပေးဆပ်ချိန်ရောက်ပြီ ....!

မင်းမိဘတွေက သူများသွေးနဲ့ရင်းချွေးနဲ့ရင်းရှာခဲ့ရတယ့် ငွေတွေကိုအတင်းသိမ်းပိုက်ခဲ့ကြတယ် !
ဂုတ်သွေးစုတ်အမြတ်ထုတ်ခဲ့ သလို မင်းလည်းလကွယ်နေ့တိုင်း သူများသွေးမှရင်ရင် သေလောက်အောင်ပူလောင်တဲ့ဝေဒနာမျိုး ခံစားစေမယ် !
တစ်နေ့ ပူလောင်သောကတွေအများကြီးနဲ့ လူတစ်ယောက် မင်းဆီရောက်လာလိမ့်မယ် သူကိုမင်းတစ်ပတ်အတွင်းရအောင်လက်ထပ်ပြီး သူ့ပူလောင်သောကတွေအကုန်ဖြေရှင်း ပြီး သူ့နှလုံးသားကိုနိုင်မှ မင်းဝဋ်ကြွေးကျိမ်စာတွေ ပြေပျောက်ကုန်ပါစေသား~~~~~~!!!!!!!
ဟား ဟား ဟားဟားဟားဟား~~~

Shadow's Mr. Vampire Where stories live. Discover now