Ep 6

89 8 12
                                    

Uni

လမ်းတလျှောက်လုံးငြိမ်ပြီး ဘာတွေစဉ်းစားနေလဲမသိဘူး။ ငြိမ်ချက်အားကောင်းလွန်းလို့သခင်ကဘဲစကားစလိုက်ရတော့သည်။
"ဟိတ် !"

သခင်အသံပေးမှဘဲသတိဝင်တော့သည်။
"ဟမ်ဗျာ "

"မင်းပြောတဲ့နေရာရောက်တော့မှာလားကြည့်ဦး "

"အော် ဟုတ်
ရှေ့ ရှေ့နားလေး မှာ"

"အင်း "
အရိပ်နေသည့်တိုက်ခန်းရှေ့ရောက်တော့ကားရပ်လိုက်သည်။ အရိပ်လည်း ဆင်းမယ်လုပ်နေတုန်း လက်ဆွဲခံလိုက်ရသည်။ အရိပ်လှည့်ကြည့်လိုက်တော့သခင်ကပြောလာသည်။
"မင်းက အိမ်လည်လေးဘာလေးတောင်မခေါ်တော့ဘူးလား? "

"မဟုတ်ပါဘူး လိုက်ကြည့်ချင်လာလေ "

"အင်း "
ကားကိုရပ်ခဲ့ပြီး အရိပ်နဲ့တူတူ သူ့အခန်းကိုလိုက်သွားခဲ့သည်။အခန်းထဲရောက်တော့
"ခနထိုင်ဦးနော် ။ကျွန်တော် ကော်ဖီဖျော်ပေးမယ်"

သခင်ခေါင်းငြိမ့်ပြပြီး
"အင်း ....black coffee  ခါးခါးလေးဖျော်ပေး "

"ကျွန်တော်ဖျော်တက်သလိုဘဲဖျော်ခဲ့မယ် အစွန်းရောက်တာကောင်းဘူး "
သခင်မျက်နှာအနည်းငယ် ငိုင်သွားသည်။ဒါပေမယ့်

"အင်းပါ သဘော၊ သောက်ကြည့်တာပေါ့ မင်းဖျော်ပေးတာ "

"အင်းခနစောင့် "
ပြောပြီး ထွက်သွားတော့သည်။
သခင်အရိပ်အခန်းကိုလှည့်ပတ်ကြည့်တော့ သူ့အိမ်ကဧည့်ခန်းလောက်ပင်ရှိသည်။ဒါမယ့်ကောင်လေးက ပစ္စည်းတွေကိုသူနေရာနဲ့သူ သပ်သပ်ရက်ရက်ထားထားသည်။ လူပျိုလေးတစ်ယောက်ထဲနေတာလို့တောင်မထင်ရက်စရာ အခန်းရဲ့ သပ်ရက်နေမှုက တကယ်လက်လန်လောက်အောင်ဘဲ ။
ထမင်းဟင်းအချက်အပြုတ်‌တင်မက သပ်သပ်ရက်ရက်နေတက်တဲ့အကျင့်ကိုလည်း သဘောကျလေရဲ့။
ခနကြာတော့ကော်ဖီခွက်လေး ကိုင်ပြီး သူ့အရိပ်ပြန်ရောက်လာသည်။
"ရော့ သုံးဆောင်"

"မင်းကလည်းစိတ်မရှည်တာ "
ပြောပြီးပင် ကော်ဖီခွက်ကိုမှုတ်ပြီး သောက်ကြည့်လိုက်တော့ အမိုက်စားပင်
"ဝိုး~~~~!
တကယ်မင်းဖျော်လာတာလား "

"ကျုပ်မဖျော်လို့ဘယ်သူဖျော်ပေးမှာလဲ "

"အေးပါ တကယ်သောက်ကောင်းတယ်၊ အရမ်းမချိုဘူး ခါးလည်းမခါးဘူး ။ ငါတကယ်ကြိုက်ပြီ "

Shadow's Mr. Vampire Where stories live. Discover now