Uni
နှစ်ခြိုက်စွာအိပ်ပျော်နေသောသခင်ဘေးမှ ဖုန်းalarm မြည်လာသည်။
"ကလင်....ကလင်.....ကလင်...ကလင် ~~~~~အသံကြောင့်ဘယ်လိုမှအိပ်မရတော့တဲ့အဆုံး မျက်လုံးဖွင့်ကြည့်လိုက်တော့ မြည်းနေတာ သူ့ဖုန်းမဟုတ်ဘဲ အရိပ်ဖုန်းပင်။
ဖုန်းကိုယူလိုက်တော့ ဖုန်းမှာ စာလေးကပ်ထားသည်။"သခင်ထတော့လေ ၉နာရီထိုးပြီ။
ဖေကြီးသတိရပြီဖုန်းဆက်လို့ ဆေးရုံကိုလိုက်သွားပြီ။မနက်စာပြင်ပေးခဲ့တယ် ။ ရေမိုးချိုးပြီး ဆေးရုံလိုက်ခဲ့ ....
ပြန်အိပ်မနေနဲ့နော်။ အိပ်မှာဆိုးလို့ဖုန်းထားခဲ့တာ။ လာရင် ငါ့ဖုန်းပါယူလာခဲ့ပေး။
သူ့အရိပ် "သခင်ဖုန်းကစာလေးကို ဖတ်ပြီး ပြုံးလိုက်မိသည်။
"ဘယ်နဲ့ ငါ့နှယ် ယောက်ျားရမှဘဲ စောစောစီးစီထနေရတယ်။ မဟုတ်ချင်သေးဘူး .....
သူပြင်ပေးခဲ့တာလေးစားပြီ။ ယောက္ခထီးသွားတွေ့တာပေါ့။ "***********************************
"ဖေကြီး ဘယ်လိုနေသေးလဲ "
ဖေကြီးအရိပ်ကိုပြုံပြကာ
"သက်သာပါပြီ သားရဲ့။ ဖေကြီးကြောင့်သား အလုပ်ပိုရပြီ ""မပိုပါဘူးဖေကြီးရဲ့ သားဖေကြီးကို ဂရုစိုက်ရမှာသားအလုပ်ဘဲကို "
"ဟုတ်ပါပြီ။ ဒါနဲ့ သမီးကြီးရော "
ရတီကိုမေးတာဖြစ်သည်။"မမက အောက်ဆင်းပြီး ဖေကြီးဖို့ဆန်ပြုတ်သွားဝယ်တယ် "
"အော် အင်းအင်း "
********************
ဆေးရုံရှေ့တွင် ကားအကောင်းစားတစ်စီးရပ်လာခဲ့သည်။ ကားအရှိန်အဝါကြောင့် လူတွေဟာကွတ်ကြည့်ကွတ်ကြည့် ကြည့်လာကြသည်။ လူများကားဆီအာရုံရောက်နေချိန်ကားပေါ်မှ ဆင်းလာသူကြောင့်ပိုလို ပင်အာရုဏ်များစူးစိုက်လာကြသည်။သခင်တယောက်တောင်ကြည့်မြောက်ကြည့် ကြည့်နေသည်။ လူတွေသူကိုကြည့်နေတာကိုတော့အာရုဏ်သိပ့်မထား။ သူရှာနေတာ အရိပ်။
"ကျစ် လိုက်ခဲ့ဖို့ကျပြောပြီး အခန်းလည်းမပြော။ဘယ်နားမှန်းလဲမသိ။ "
VOUS LISEZ
Shadow's Mr. Vampire
Roman d'amourသခင်(ခ) Mr.Vampire + သူ့အရိပ် သခင်(ခ) Mr.Vampire + သူ့အရိပ် uni "သဖေို့အတှကျ စောင့်နေပေမယ့် မင်းနဲ့တွေ့တဲ့အချိန်မှာ သေခြင်းတရားကိုလက်တွန့်မိပြီ " သခင်(ခ)Mr. Vampire Seme "ကျုပ်အပူနဲ့ကျုပ်မို့ ခင်ဗျာကိုယူတာ ။မဟုတ်ရင် ခင်ဗျာလို လ...