Uni
ကျွန်တော်တို့နှစ်ယောက် တစ်သက်လုံး သစ္စာရှိစွာချစ်ကြမည်ဟုကတိပြုခဲ့ကြသည်။
သူ့အရိပ် ဆိုတဲ့လူသားကိုအခုတော့တရားဝင်ကျွန်တော့်အပိုင်ဖြစ်သွားခဲ့ပြီ။စောကလက်ထပ် လက်စွပ် ဘူးလေးနှစ်ခုကို ဗန်းထဲမှာထည့်ပြီး ကိုင်ထားသည်။ သခင်တစ်ဘူးကိုယူလိုက်ပြီး အထဲမှ လက်စွပ်လေးကိုယူလိုက်သည်။
လက်စွပ်လေးတွင် စိန်နှစ်လုံးနဲ့အလှဆင်ထားသည်။ အတွင်းဘက်တွင်စာတန်းလေးတစ်ခုပါသည်။ ထိုစာတန်းလေးကတော့ " Shadow's Mr. Vampire " ဆိုတဲ့စာတန်းလေးတစ်ခု
ထိုစာတန်းလေးကလည်း သခင်အရိပ်ပေါ်မှာထားတဲ့ခံစားချက်တွေကို တစ်မျိုး တစ်ဖုံဖော်ပြနေသည်။သခင် အရိပ်ရဲ့ဘယ်ဘက်လက်လေးကို ကိုင်ကာအဓိပ္ပာယ်များစွာ ပါဝင်နေတဲ့ လက်စွပ်လေးကို အရိပ်သွယ်လျလှသော လက်သကြွယ်လေး၌ဝတ်ပေးလိုက်သည်။ အရိပ်လည်းကျန်တဲ့လက်စွပ်ဘူးလေးထဲမှလက်စွပ်လေးကိုထုတ်ယူလိုက်ပြီး သခင်ရဲ့ဘယ်ဘက်လက် လက်သကြွယ်တွင်ဝတ်ပေးလိုက်သည်။
လက်စွပ်ဝတ်ပေးပြီးနောက် ဘေးမှာရပ်နေတဲ့မမက သခင်လက်လေးနဲ့ အရိပ်လက်လေးကိုထပ်ကာ ပူးကိုင်ရင်း သခင်ကိုကြည့်ပြီးပြောလာသည်။
"သခင် အမမောင်လေးကိုသေချာစောင့်ရှောက်ပေးပါနော်။အရိပ်က ခံစားချက်ကိုသေချာမဖော်ပြတက်ဘူး။မြုံစိမြုံစိနဲ့ တချို့အရာတွေကို နားလည်ပြီး အမကိုယ်စားဂရုစိုက်ပေးနော် "
သခင်လေးပြုံးကာ
"ဟုတ်ကဲ့ပါ ။ ကျွန်တော်အရိပ်ကို သေချာဂရုစိုက်ပါမယ် "
ရတီပြုံးရင်နဲ့ ပီတိမျက်ရည်တွေတောင်ကျနေပြီ။
မမမျက်ရည်ကျနေတာမြင်တော့အရိပ် လက်ကိုဆွဲနှုတ်ကာမမ ပါးမှမျက်ရည်တွေကို သုတ်ပေးရင်း"မမ မျက်ရည်တွေကျနေတာလား။ မငိုနဲ့လေ "
"မမ မငိုပါဘူး။ပျော်လို့ကျနေတာ "
ပြောပြီး မမအရိပ်ကို အေးချမ်းစွာပင်ပြုံးပြသည်။ ပြီးတော့ ရတီအရိပ် ခေါင်းလေးကိုပုတ်ပေးရင်း ပြောလိုက်သည်။"အရိပ် ....
မမရဲ့ကလေး ။ အခုအရိပ်က မမနဲ့ဆိုင်ဘဲဆိုင်တာ မမတို့မပိုင်တော့ဘူး။ အရိပ်ကိုပိုင်တော့ ဟောဒီက သခင်ဖြစ်သွားပြီ။ လိမ်လိမ်မာမာနေနော် ကလေး "
YOU ARE READING
Shadow's Mr. Vampire
Romanceသခင်(ခ) Mr.Vampire + သူ့အရိပ် သခင်(ခ) Mr.Vampire + သူ့အရိပ် uni "သဖေို့အတှကျ စောင့်နေပေမယ့် မင်းနဲ့တွေ့တဲ့အချိန်မှာ သေခြင်းတရားကိုလက်တွန့်မိပြီ " သခင်(ခ)Mr. Vampire Seme "ကျုပ်အပူနဲ့ကျုပ်မို့ ခင်ဗျာကိုယူတာ ။မဟုတ်ရင် ခင်ဗျာလို လ...