Uni
ဒီနေ့မှ မနက်အစောကြီးထကာပြင်ဆင်နေတာ ကိုရီးယားမင်းသားရှုံးရဲ့။ မေးကြည့်တော့ သူ့အရိပ် အမြင်မှာ ငါ့ဟာဘယ်လောက်တောင်ကြည့်ကောင်းလဲသိစေချင်လို့တဲ့။အမယ်လေးနော် မိုးလင်းထဲကအင်္ကျီလဲ လိုက်တာ လဲလိုက်တာဆိုတာ အခါနှစ်ဆယ်တောင်ကမယ်မထင်။ မကျေနပ်ချက်တွေစုပြောလိုက်ရရင်တော့ စောစောစီးစီး ရောတို့ ဇောက်ထိုးဖြစ်ဦးမယ်။ အခုလည်း....
"ရော........
ကြည့်စမ်း အဖြူလေးနဲ့ဆို ငါဘယ်လောက်တောင်ခန့်လိုက်မလဲ Lee Minhoနဲ့တောင်ဆင်သွားမယ်ထင်တယ်နော် ဟီး ဟီး ""ဟင် ဟမ်
ကောင်းတယ် ကောင်းတယ် ဝတ်ကြည့်ကြည့် တူမှာပါ "********************
"ရော ရေ~~~"အသံကြားရာကို ရောမေ့ာကြည့်လိုက်ပြီး ပြုံးရင်း
" မိုက်တယ်.....မိုက်တယ် Lee Minho ထက်တောင်ချောနေပြီ အဖြူလေးနဲ့တအားခန့် နေရော ။ ဒါလေးဘဲကောင်းပြီးနော်...."မှန်ရှေ့မှာအမျိုးမျိုးကြည့်ပြီး
" သေချာလို့လား ။တစ်ခုခု လိုနေမလား သေချာကြည့်ပါ့ဦး။ "ခေါင်းရော လက်ရောပါ ရမ်းပြီး
"ဟင့်အင် မလိုဘူး။ပြည့်စုံနေပြီ "သခင်စိုက်ကြည့်လာပြီး
" မင်းက ဒီလောက်လေးပြောပေးရတာ ဘာလဲ စိတ်မရှည်တာလား။ ဒါလေးကြည့်ပြီးပြောနေပေးရတာကို ဘာလဲ ဒီလောက်လေးတောင်စိတ်မရှည်ပေးနိုင်ကြတာလဲ ဟင်ဟမ်။ ""မမဟုတ်ပါဘူး သခင်ရယ် တကယ်ကောင်းနေပါပြီ
တကယ် ကိုရီးယားသာရောက်သွားရင် idol တွေဘာတွေတောင်လုပ်ရနေပြီ ။ဒီရုပ်ရည် ၊ဒီအရပ်အမောင်၊ခန္ဓာကိုယ်ကလည်းအမိုက်စားနဲ့ ပြည့်စုံနေပြီ "ထိုအခါမှခပ်သဲ့သဲ့ပြုံးတော့သည်။
"သခင် ကျွန်တော် အောက်မှာ အရိပ်ကို သွားစောင့်လိုက်ဦးမယ် နော်။
အရိပ်ရောက်ရင် လာပြောမယ် ။ငြိမ်ငြိမ်လေး ထိုင်စောင့်နေပေး "ပြောပြီး အတင်းပင်ပြေးသွားတော့သည်။
သခင်ကတော့ မှန်ရှည့်မှာ ဟိုလှည့်ဒီလှည့် အလှုပ်ရှုတ်တုန်း။ စိတ်တိုင်းကျ ချယ်သပြီးတဲ့နောက် ပြတင်းပေါက်နားက စားပွဲမှာထိုင်ရင် ခြံတံခါးဝဆီသို လှမ်းကြည့်နေသည်။
ကြည့်နေရင်မကြာမီပင် ခြံရှေ့ကိုကားတစ်စီးရပ်လာပြီး လူတစ်ယောက်ဆင်းလားသည်။ ထိုလူသည် ဘဲလည်းမတီးဘဲ ခြံရှေ့မှာတင်ရပ်နေသည်။ ခနကြာတော့ ရောကသွားခေါ်လာသည်။
YOU ARE READING
Shadow's Mr. Vampire
Romanceသခင်(ခ) Mr.Vampire + သူ့အရိပ် သခင်(ခ) Mr.Vampire + သူ့အရိပ် uni "သဖေို့အတှကျ စောင့်နေပေမယ့် မင်းနဲ့တွေ့တဲ့အချိန်မှာ သေခြင်းတရားကိုလက်တွန့်မိပြီ " သခင်(ခ)Mr. Vampire Seme "ကျုပ်အပူနဲ့ကျုပ်မို့ ခင်ဗျာကိုယူတာ ။မဟုတ်ရင် ခင်ဗျာလို လ...