Ep 13

76 4 22
                                    

Uni

အရိပ်ခြံထဲရှိ‌သစ်ပင်အောက်ကခုံလေးတွင်စာထိုင်ဖတ်နေချိန် အနောက်ကနေပြီး ပုခုံးလေးကိုဖက်လိုက်ပြီး
"အချစ်ကလေး....!

"ပလုတ်တုတ်....!
အရိပ်လန့်ပြီးယောင်သွားသည်။ ဖက်ထားတဲ့တယောက်ကတော့စပ်ဖြဲဖြဲနှင့်ကြည့်နေသည်။
"အာ...သခင် ဘာလုပ်လိုက်တာလဲ ။ အသံလည်းမပေးဘူး လန့်သွားတာပဲ။တကယ်ပါဘဲ "

"အမယ် အမယ် အနားကိုလူတယောက်လုံးရောက်လာတာတောင် သတိမထားမိဘဲ စိတ်ကဘယ်လေလွင့်နေတာလဲ "

"မဟုတ်ပါဘူး စာဖတ်နေတာ မျောသွားလို့။ ဟဲဟဲ "

"ဟင်ပြဦး ဘာစာအုပ်လဲ? ။ ငါ့အချစ်ကလေးကိုမျောသွားစေတဲ့စာအုပ်က ဘာလိုဟာလဲကြည့်ရအောင်"

အရိပ်လက်ထဲကစာအုပ်လေးကိုသခင်ကိုပြလိုက်သည်။
သခင်လည်းအရိပ်ကမ်းလာသောစာအုပ်ကိုကြည့်လိုက်တော့ မြိုင်ရာဇာတွတ်ပီ ကာတွန်းစာအုပ်ပင်။ အတာကြောင့်သူအဝေးကနေကြည့်တော့ တခွီးခွီးနဲ့ရယ်နေတာဖြစ်သည်ဆိုတာသဘောပေါက်တော့သည်။

"တော်တော်ရယ်ရပုံဘဲနော်။ အဝေးကနေကြည့်တောရယ်နေတာ အရမ်းဘဲ"

"အင်း အရမ်းရီရတာ။ မနက်က ဈေးသွားတော့ လမ်းဘေးမှာချရောင်းနေတာတွေ့လို့ ဝယ်လာတာ ။ နေ့လည်းဘက်လည်းမပျင်းရတော့ဘူး လေ။"

"အင်းပါ အရိပ်ကြိုက်သလိုသာလုပ်....!
ဒါနဲ့ ရောဘယ်သွားလဲ ။ အရိပ်ကိုတယောက်ထဲထားပြီး အိပ်နေတာလား "

"မဟုတ်ဘူး။ စောနက တူတူရှိနေတာ သူလည်း အိမ်ထဲမှာ စာအုပ်ဖတ်နေတယ်။ "

"ဟမ် ...!
သူလို့အပျင်းက စာအုပ်ဖတ်နေတယ်ပေါ့ "

"သခင်ကလည်း ရောကမပျင်းပါဘူး။ အမြဲအားတဲ့အချိန်ဆို တကုတ်ကုတ်နဲ့လုပ်နေတာ "

"အချစ်ကလေး မသိသေးလို့ပါ။ "

"ဟုတ်လို့လား"

"မယုံလို့လား ။ လာပြမယ် "

သခင်အရိပ်ကိုလက်ဆွဲပြီး ရောအခန်းဆီကိုခေါ်သွားတော့သည်။ အရိပ်မှာတော့ ဘု့မသိဘမသိနဲ့ ပါသွားသည်။
အခန်းရှေ့ရောက်မှ
"ရှူး...!
လာ ကြည့်လဲ့ ပျင်းမပျင်း"

Shadow's Mr. Vampire Hikayelerin yaşadığı yer. Şimdi keşfedin