Ep 7

77 5 26
                                    

Uni

ဝတ်စုံကြည့်ပြီနောက်သခင်ကအိမ်ပြန်လိုက်ပို့ပြီ သခင်ကတော့သူ့အိမ်ပြန်သွားလေသည်။ အရိပ်အခန်းဆီကိုတက်လာခဲ့ပြီး အခန်းရှေ့တွင်မြင်လိုက်သည်။
"ဟင် မမ !"

မမသည်အရိပ်ကိုပြုံးပြပင်မယ့် မေးခွန်းတွေများနေပုံပင်

************************

"အရိပ် မင်းဘာတွေလုပ်နေတာလဲ ! အိမ်ကိုလာပေးသွားတဲ့ပိုက်ဆံတွေကရော ဘာတွေလဲ ။မင်္ဂလာဆောင်မယ်ဆိုတာရော ဘယ်သူနဲ့လဲ။ မမကိုတောင်ဘာလို့မတိုင်ပင်ရတာလဲ မောင်လေးရယ် "
ဧည့်ခန်းထဲ၌ထိုင်ရင်း ခေါင်းပင်ငုံ့နေသောအရိပ်ကို ရတီ စိတ်ပူစွာပင် မေးရတော့သည်။

"မမ ကျွန်တော်အာလုံးစဉ်းစားပြီးမှဆုံးဖြတ်ခဲ့တာပါ ။ စိတ်မပူပါနဲ့နော် "

"မောင်လေးရယ် မမကိုပြောစမ်း။ မမဘာမှနားမလည်တော့ဘူး။ မင်းတကယ်ဘဲ ဘာတွေလုပ်နေတာလဲ "

"ကျွန်တော် မကောင်းတာမလုပ်ပါဘူးမမ ။အရမ်းစိတ်မပူပါနဲ့။
မမပြောဘူးတယ်လေ လောကကြီးကလူတစ်ယောက်ကို တစ်ခါတော့အခွင့်အရေးကြီးကြီးပေးတယ်ဆို။ကိုယ်ကရအောင်ယူတက်က်ဖို့ဘဲလိုတယ်ဆို။ အခုကျွန်တော်အဲ့အခွင့်အရေးကို အရယူပေးလိုက်တာပါ။ "
အရိပ်မမကို ပြုံးရင်သာပြောနေခဲ့သည်။

"မမကိုရှင်းပြပါ့ဦး။ ဘာတွေလဲ အရိပ်ရယ် "
ရတီအသံထဲတွင်စိုးရိမ်မှု့တွေအပြည့်

အရိပ်လဲ မမကိုဖြစ်ကြောင်းကုန်စဉ်အစအဆုံးပြောပြလိုက်တော့သည်။
အကြောင်းတွေကိုသိရတော့ မောင်ဖြစ်သူက မိသားစုအတွက်လုပ်မှန်းသိရတော့တကယ်စိတ်မကောင်းပေ။

ရတီ စိုးရိမ်စိတ်တွေနဲ့ပင်မေးလိုက်သည်။
"ဒါဆို အရိပ် သူကဘယ်လိုလဲ။ငါ့မောင်အပေါ်မှာ ကောင်းပါ့မလား။ သူ့မိသားစုကရော ငါ့မောင်လေးကိုသဘောကျရဲ့လား "

"မပူပါနဲ့ မမ ။ကျွန်တော်အဆင်ပြေမှာပါ။ သူမှာကိုစော နဲ့ကိုရောဆိုတဲ့ အစ်ကိုနှစ်ယောက်ဘဲရှိတာ သူတို့ကလည်းကျွန်တော်ကို လိုလိုလားလား ပါဘဲ ။"

"အင်းပါ မောင်လေးရယ်။ ငါ့မောင်အဆင်ပြေရင် ရပါပြီ ။
ဦးလေးရော သတိရပြီလား "

Shadow's Mr. Vampire Where stories live. Discover now