uni
သခင်ကိုသွေးအတင်းတိုက်လိုက်တာကြောင့်သူငြိမ်ကျသွားသည်။ တကိုယ်လုံးသွေးတွေမောက်ကျတဲ့ထားတဲ့ ရော နဲ့ သခင်ကုတ်ဆွဲထားတဲ့ဒဏ်ရာတွေနဲ့ စောရယ် နှစ်ယောက်သား သခင်ငြိမ်ကျသွားမှ နံရံမှာမီပြီး ထိုင်ချလိုက်တော့သည်။
နှစ်ယောက်လုံး အမောပင်မပြေသေး ရင်ထိပ်စရာအသံကိုကြားလိုက်ရသည်။
"ကိုစော ကိုရော.......!
အသံကြားရာကိုကြည့်လိုက်တော့ အရိပ်ပင်။အရိပ်ကိုမြင်တော့ နှစ်ယောက်သားပြာယာခက်သွားသည်။
အရိပ် စောနဲ့ရောဆီအပြေးသွားလိုက်သည်။"ဟင် ကိုရော အင်္ကျီမှာ သွေးတယ်မလား။ ကိုစောရော လက်တွေမှာရောမျက်နှာမှာရော ဒဏ်ရာတွေနဲ့ ဘယ်လိုဖြစ်တာလဲ "
အရိပ်စိုးရိမ်ပူပန်စွာပင်မေးလာခဲ့သည်။ သို့ပေမယ့် နှစ်ယောက်သားကတော့အရိပ်ကိုပြန်ဖြေစရာစကားမရှိပေ။ အရိပ် ရဲ့ အနောက်ကသတိ မေ့နေသောသူထံသာ အာရုဏ်ရောက်နေသည်။
အရိပ် လည်း ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်မိမှ သူ့အနောက်က သတိ့မေ့နေသောသူကိုမြင်သွားသည်။
"ဟမ်....!!!!!!အရိပ်ထိုင်ကျသွားသည်။ အံဩစွာပင်
"အကို အ အတာ ဘာကြီးလဲ။ ဘယ်သူကြီးလဲ။ ဟင် ဟင်လို့ "အရိပ်သတိမေ့နေတဲ့မကောင်းဆိုးဝါးကိုမြင်ပြီး အလွန်ပင်လန့်သွားသည်။
ငိုင်ကျနေသောနှစ်ယောက်ကတော့ ပြန်ပြောဖို့ကဝန်လေးနေမိသည်။အရိပ်သခင်ကိုသတိရသွားပြီ စိတ်ပူစွာနဲ့ ရောပခုံးကို ကိုင်ပြီး မေးလိုက်သည်။
"ဟင် ဟင် ကိုရော အတာဘာကြီးလဲလို့....!
သခင်ရော သခင်ဘယ်မှာလဲ။ သခင်ဘယ်မှာလဲ "ပြောရင်းနဲ့အရိပ်မျက်ရည်တွေးဝဲတက်လာလေသည်။ ပခုံးနှစ်ဖက်ကိုကိုင်လှုပ်ကာဘယ်လောက်မေးမေးရောကတော့ငြိမ်ကျနေသည်။
ရောမပြောလာတော့ စောဘက်လှည့်ကာ
"ကို ကိုစော သခင်ရော ။ သခင်ရောလို့ "အရိပ်မျက်ရည်တွေကျလာလေပြီ။ နှစ်ယောက်ကတော့ပြန်မပြော
"အကိုတို့ရယ် ဖြေကြပါဦး။ ကျွန်တော့်သခင်ရော ။ ကျွန်တော်တောင်ပန်းပါတယ် ပြန်ဖြေပါ့ဦး.......သခင်တစ်ခုခုဖြစ်နေလို့လား "
အရိပ်နောက်ကိုလှည့်ကြည့်ပြီး
ČTEŠ
Shadow's Mr. Vampire
Romanceသခင်(ခ) Mr.Vampire + သူ့အရိပ် သခင်(ခ) Mr.Vampire + သူ့အရိပ် uni "သဖေို့အတှကျ စောင့်နေပေမယ့် မင်းနဲ့တွေ့တဲ့အချိန်မှာ သေခြင်းတရားကိုလက်တွန့်မိပြီ " သခင်(ခ)Mr. Vampire Seme "ကျုပ်အပူနဲ့ကျုပ်မို့ ခင်ဗျာကိုယူတာ ။မဟုတ်ရင် ခင်ဗျာလို လ...