Ep 9

67 8 15
                                    

uni

မနက်မိုးလင်းဝင်လာတဲ့နေရောင်ခြည်တွေကြောင့် အရိပ်နိုးလာခဲ့သည်။ မျက်လုံးဖွင့်ဖွင့်ချင်သိလိုက်ရတာကသူ သခင်ရင်ခွင်ထဲမှာဆိုတာပါဘဲ။ ခေါင်းမော့ကြည့်တော့ သခင်တစ်ယောက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေစဲဖြစ်သည်။ အရိပ်မထသေးဘဲ ခနလောက် သခင်မျက်နှာကိုကြည့်နေမိသည်။ နှာတံဆင်းဆင်းလေးနဲ့ မျက်တောင်ကော့ကော့လေးတွေကကြည့်လို့မဝအောင်ပင်။
သခင်ကိုကြည့်ရင်းအရိပ်ပြုံးကာ တိုးတိုးလေးပြောမိလိုက်သည်။
"သခင် ခဗျားကချောလိုက်တာ "
အရိပ်သခင်မျက်နှာကိုရင်ခွင်ထဲကနေတဝကြည့်ပြီးတော့ ထဖို့ပြင်လိုက်ချိန်

"ဟိတ် ဘယ်ပြေးမလို့လဲ။ ကြည့်လို့ဝသွားလို့လားဟင် "
သခင်မျက်လုံးမဖွင့်ဘဲနှခမ်းလေးကော့ညွတ်‌သွားအောင်‌ပြုံးပြီးအရိပ်ကိုစလိုက်သည်။ဖက်ထားတာကိုလည်း ပိုတင်းသွားအောင်ဖက်ထားလိုက်သည်။ အရိပ်ကိုယ်သေးသေးလေးက သခင်ရင်ခွင်ထဲမှာပျောက်မတက်။
သခင်ပြောတာကို ကြားတော့အရိပ်နည်းနည်းတောင့်လန့်သွားပြီ

"ဟင် အိပ်ပျော်နေတယ်ထင်နေတာကို။ အိပ်ချင်ယောင်ဆောင်နေတယ်။ မအိပ်ရင်လည်းစောစောစီးစီးပြောပါ့လား"
အစွာလေးကရှက်ရမ်းရမ်းကာ နှခမ်းလေးဆူပြီးရန်တွေ့တော့သည်။

"ကိုယ်ပြောလိုက်ရင် မင်းအကြည့်ပျက်သွားမှာဆိုးလို့ပါ။ ဘယ်လိုလဲ မင်းယောက်ျားကတကယ်ချောတယ်မလား "

တိုးတိုးလေးပြောလိုက်ပေမယ့် သခင်ကြားဖြစ်အောင်ကြားသွားသေးသည်။
"ဟွန့် သေလိုက်ပါ့လား။ ဖယ် ဖယ် မျက်နှာသွားသစ်တော့မယ်။ အသက်ရှူကြပ်နေပြီ ဖယ်တော့ "

အရိပ်ပြောလိုက်မှ ပိုလို့တိုးကာဖက်ထား သလားမေးရမယ်။
"ဟင့်အင် မဖယ်ချင်ဘူး။ ခနလောက်ဖက်ထားမယ် "

"အသက်ရှူကြပ်နေပြီ ဖက်မယ်ဆိုလည်းနည်းနည်းလျော့ဖက် "
သခင်တစ်ချက်ပြုံလိုက်သည်။
ဖက်ထားတာကိုနည်းနည်းလျော့ပေးလိုက်ပြီးမေးလိုက်သည်။
"ညကလည်းနောက်ကျမှ အိပ်ပြီး ဘာလို့အစောကြီးထမှာလဲ။ ကိုယ်နဲ့တူတူထပ်အိပ် "

အရိပ်သခင် ရင်ခွင်ထဲမှာ အတင်းရုန်းရင်း
"မရဘူး။အိပ်မပျော်တော့ဘူး။ဖယ်တော့ မနက်စာပြင်ပေးရမယ်မလား "

Shadow's Mr. Vampire Où les histoires vivent. Découvrez maintenant