"ဟင် ကိုရော ...!
လင်ဗန်းကြီးကိုင်ပြီးဘယ်သွားမလို့လဲ "
မီးဖိုးခန်းထဲမှထွက်လာသောအရိပ်တယောက် စတိုခန်းထဲမှ လင်ဗန်းကြီးကိုင်တာထွက်လာသောရောကိုမေးလိုက်ခြင်းဖြစ်သည်။"အော်...အိမ်တောင်ဘက်မှာစကားဝါပန်းသွားခူးမလို့"
အရိပ် ရောကိုတချက်ကြည့်လိုက်ပြီး
"အကိုကပန်းခူးပြီး ဘာလုပ်မို့လဲ။ ပန်းပန်ရအောင်မိန်းကလေးလည်းမဟုတ်။ ""အော်...ကိုယ်တော်လေးရယ် မိန်းကလေးဖြစ်မှပန်းခူးရမှာလား "
"မသိဘူးလေ ဒါနဲ့အကိုက ဘာလုပ်ဖို့လဲ။ "
" စပ်စုလိုက်တာ သခင်ယောကျာ်းလို့မပြောရဘူး။"
ရောကစိတ်မရှည်ဘဲပြောလိုက်တာကြောင့် အရိပ်သွားဖြဲပြကာ
"ဟီး အကိုကလည်း "ခနကြာမှခက်အေးအေးအဖြေတစ်ခုထွက်လာသည်။
"ပန်းခူးတာကငါ့အတွက်မဟုတ်ပါဘူး။ စောအတွက်""ဟင်..အကိုစောအတွက် "
အရိပ်ပြုံးကာမသင်ကာတဲ့အကြည့်နဲ့ ရောကိုကြည့်လိုက်သည်။"ဟိတ် ဟိတ် ဟိုညီအမလိုလာကြည့်မနေနဲ့။ ဘာမှမဟုတ်ဘူး။ စောက စကားဝါပန်းနံကြိုက်တယ်။ အခြောက်လှန်းပြီး အိတ်လေးနဲ့အခန်းထဲမှာ ထားအိပ်နေကြမို့ လုပ်ပေးတာ။ သူငယ်ချင်း ချင်းချင်း လုပ်ပေးနေကြလုပ်ပေးတာ ဘာမှမဟုတ်ဘူး။ "
ဇွတ်တရွတ်ဖြေလာသော ရောကိုကြည့်ပြီးအရိပ်ရယ်ရင်း"အစ်ကိုကလည်း ကျွန်တော်က ဘာပြောရသေးလို့ ရှင်းပြနေတာလဲ"
အရိပ်ပြောလိုက်မှ ရှက်ကိုးရှက်ကန်းဖြေလိုက်သည်ကိုစဉ်းစားမိပြီး ပိုဆိုးလာပြီး
"စော တယောက်ထဲအတွက်မဟုတ်ပါဘူး။ သခင်အတွက်ရော။ သခင်လည်း စကားဝါသိပ့်ကြိုက်တာ။ တူတူအိပ်ပြီး မသိဘူးလား""ဟင့် အကိုနော် ဘာတူတူအိပ်တာလဲ"
"ဟ မင်းတို့တစ်ကုတင်ထဲတူတူအိပ်တာမဟုတ်ဘူးလား။ ငါကဒီတိုင်းရိုးရိုးသားသား အိပ်တာပြောတာ ထင်ချင်ရာထင်မနေနဲ့ "
ရောရယ်ရင်းပြောလိုက်သည်။ ဒီခါ အရိပ်ရှက်ရမယ့်အလှည့်ပင်"အစ်ကိုနော် ကျွန်တော်ကရောဘာထင်နေလို့လဲ။ ဘာမှမထင်ဘူး ။ သခင်အတွက်ရော မလား ကျွန်တော်ပါကူခူးမယ်။ လာ လာ သွားရအောင် "
VOCÊ ESTÁ LENDO
Shadow's Mr. Vampire
Romanceသခင်(ခ) Mr.Vampire + သူ့အရိပ် သခင်(ခ) Mr.Vampire + သူ့အရိပ် uni "သဖေို့အတှကျ စောင့်နေပေမယ့် မင်းနဲ့တွေ့တဲ့အချိန်မှာ သေခြင်းတရားကိုလက်တွန့်မိပြီ " သခင်(ခ)Mr. Vampire Seme "ကျုပ်အပူနဲ့ကျုပ်မို့ ခင်ဗျာကိုယူတာ ။မဟုတ်ရင် ခင်ဗျာလို လ...