Ep 14

110 7 17
                                    

Uni

လမ်းတလျှောက် စားလိုက်သောက်လိုက် စကားများလိုက်လာတဲ့နှစ်ယောက်သားကတော့မောပြီးအိပ်ပျော်သွားကြပြီ။
အိပ်ပျော်နေတဲ့နောက်ခန်းကနှစ်ယောက်ကိုလစ်လျှူရှု့ကာ သခင်တယောက်ကားမောင်းရင်တွေးမိနေသည်။

*ရန်ကုန်ကနေပုပ္ပါးထိမောင်းလာရင် အခုဆို ပုပ္ပါးတောင်ရောက်ခါနီးနေပြီဘဲ။ ဒီဒေသလေးကအေးချမ်းလွန်းလှတယ်။ သစ်ပင်သစ်ရိပ်စိမ်စိမ်စိုစိုနဲ့မြင်ရရင်စိတ်ချမ်းမြေ့စရာ။ စကားဝါပန်းနံသင်းသင်းလေးများနှာဖျားလေးကိုတိုးဝင်လာရင်ဖြင့် မိုင်ရာကျော်ကားမောင်းလာလို့ပင်ပန်းသမျှအကုန်လွင့်ပျောက်သွားစေခဲ့တယ်။ ဒီခံစားချက်လေးက ကျွန်တော် ပုပ္ပါးကိုရောက်တိုင်းအမြဲရိုးမသွားစေတဲ့ခံစားချက်လေးတစ်ခုဘဲလေ...*

တဖြည်းဖြည်းနဲ့လာခဲ့ရင်းကနေ ခုဆို တချိန်ကနှစ်တွေအကြာကြီးသခင်နေခဲ့တဲ့ အိမ်ကြီးဆီကိုရောက်လာခဲ့ပြီ။

ခြံရှေ့မှာကားရပ်လိုက်ပြီး နောက်ခန်းကအိပ်ပျော်နေတဲ့နှစ်ယောက်ကိုနိုးရတော့မည်။
သခင် ရောရဲ့လက်ကိုခပ်နာနာနှစ်ချက်သုံးချက်လှမ်းရိုက်လိုက်ပြီး
"ရော...ရော...!
ထတော့ ရောက်ပြီ။  သော့သွားဖွင့်တော့....!

သခင်နိုးလိုက်တာကြောင့်ကမှူးကရှူးနဲ့နိုးလာပြီး
"ဟမ် ဟင်။ ရောက်တောင်ရောက်ပြီလား...!
ဝါး~~~~~"
သန်းရင်းပြောလာတော့သည်။

"ထတော့ သွား။ အိပ်နေတာ တလမ်းလုံးမောင်းလာရတဲ့ငါ့ကိုတောင်အားမနာဘူး။ခရီးကိုငါ့ထက်တောင်ပိုပန်းလာသလိုဘဲ နော်"

ရောဆူပုတ်ပုတ်မျက်နှာဖြင့်ပြောလိုက်သည်။
"လွတ်ဟောက်နေတော့တာဘဲ မသိရင်တယောက်ထဲအိပ်လာတာကျလို့။ သွားမယ် သွားဖွင့်ပေးမယ်။ဒီက အိပ်နေတဲ့သခင်လေးကိုဘဲအရင်နိုးပါ့ဦး။ ခွဲခြားခွဲခြားနဲ့ အနှစ်ငါးရာလောက်တူတူနေလာတဲ့မျက်နှာတောင်မထောက်ဘူး လွတ်ဟောက်နေ "
ကပ်ကပ်လန်အောင်သခင်ကိုပြောပြီး ကားပေါ်ကနေဆင်းကာတံခါးသွားလှပ်တော့သည်။
ဟုတ်ပါတယ် ရော ပြောရင်လည်းပြောချင်စရာ အိပ်နေသူမှာအခုထိဟောက်တောင်ဟောက်နေသေးတယ်။ ရောကိုသာ အတင်းထခိုင်းလိုက်တာ ချစ်ရသူ အိပ်နေတာနိုးသွားမည်က သခင်စိုးရိပ်မိသည်။
သခင်အိပ်ပျော်နေသော ချစ်ရသူကိုကြည့်ပြီးပြုံးလိုက်မိသည်။ နောက်တော့ ရောလည်းတံခါးလှပ်ပြီးပြီဖြစ်တာကြောင့် ကားမောင်းပြီးသာခြံထဲဝင်လာခဲ့တော့သည်။

Shadow's Mr. Vampire Donde viven las historias. Descúbrelo ahora