Uni
"ချီး~~~~~~
ယောက်ျားကွ ယောက်ျား။ ဘောကိုယောက်ျားချင်ယူခိုင်းနေတာလား "
အကြောင်းစုံပြောပြပြီးတဲ့နောက်မှာ သူ့အတွက်ရောက်လာတဲ့သူက ယောက်ျားလေးတစ်ယောက်ဖြစ်မှန်းသိလို့ သောင်းကြမ်းတော့သည်။
သခင် ဘူးခံငြင်း ငြင်းနေတာကြောင့် ရော ပြောလိုက်သည်။
"ဘော ကိုမယူခိုင်းပါဘူး ....!
သူ့အရိပ် ကို ယူခိုင်းနေတာကို ""-ီး မင်းယူခိုင်းတဲ့ သူ့အရိပ်ဆိုတာ ယောက်ျားကြီးကွ၊သူ့ရောပါ ငါ့ရောပါ ပါတာချင်းတူနေတာကိုဘယ်လိုခံစားချက်နဲ့ယူရမှာလဲ ?။
မယူနိုင်ဘူး လုံးဝဘဲ။ "
ပါးစပ်ကလည်းပွစိပွစိပြောနေလေရဲ့
"အမယ်လေ နှစ်၅၀၀နီးပါ စောင့်လာရတဲ့သူက ယောက်ျားကြီးတဲ့ ......ဘုရား ဘုရား "ရောပြောတာကို ဘယ်လိုမှလက်မခံတော့ငြိမ်နေတဲ့စောမှဝင်ဖြောင်းဖျရတော့သည်။
"သခင် ကျွန်တော်တစ်ခုပြောမယ် ""မင်းက ဘာပြောဦးမှာလည်း သူ့ကိုယူဖို့ဆိုရင်တော့မပြောတာကောင်းမယ်နော်.........ငါမူးလိုက်တာ "
ဆက်ငြင်းနေသောသခင်နှင့် စောရဲ့အပြောကောင်းမှု့ တွေ့ပါပြီ"မဟုတ်ဘူးလေ သခင်ရဲ့ သူ့အရိပ်က ယောက်ျားလေးတစ်ယောက်ပင်မယ့် သခင်တို့ကျွန်တော်တို့လို့ ခန္ဓာကိုယ်ထွားထွား သန်သန်မာမာပုံမျိုးမဟုတ်ပါဘူး။သေးသေးကွေးကွေးနဲ့ အရပ်ကဆို ရောထက်တောင်ပုလောက်တယ်။ မိန်းကလေးတယောက်လှတာလောက်တော့ သူ့အရိပ်က အသာလေးကျော်တက် သွားနိုင်တယ်။ တကယ်ကို ဖွေးဖွေးအုအု သေးသေးလေးနဲ့ မိန်းကလေးထက်တောင်ပိုလွန်းပါတယ် ယူလိုက်ပါနော်။ "
သခင်တို့လက်မခံပေ။ခေါင်းသာယမ်းနေသည်။ စော နောက်ဆုံးလက်နက်နှင့်ခြိမ်းခြောက်ရတော့သည်။"သခင် ကျွန်တော်တို့ စောင့်လာတာသခင့်အသက်တောင်၅၀၀ရှိနေပြီ။ မပင်ပန်းသေးဘူးလား ။လကွယ် ညတိုင်းပူလောင်ရတာမညီးငွေ့ဘူးလားသခင်ရယ်။ အခုအချိန်မှာလက်မခံရင် သခင်နောက်အခွင့်အရေးကိုဘယ်ချိန်မှရမယ်ဆိုတာမသေချာတော့ဘူး။ နောက်ထပ်နှစ်၅၀၀လား? နှစ် ၁၀၀၀လား ? ၂၀၀၀လား ? ၅၀၀၀လား ?
ဘယ်အချိန်မှထပ်ပေါ်လာမယ်ဆိုတာမသိတဲ့သူကိုထပ်မစောင့်ပါနဲ့တော့ ၊ တကယ်လို့သခင်စောင့်ချင်တယ်ဘဲထား သူ့အရိပ်ဘဲထပ်ထပ်ဖြစ်နေရင်ရော ? "
တည်တည်တံတံပြောလာသော စော အပြောကြောင့်သခင်တွေဝေမိနေရဲ့။ သူပြောတာလဲမှန်နေတာကို။
YOU ARE READING
Shadow's Mr. Vampire
Romanceသခင်(ခ) Mr.Vampire + သူ့အရိပ် သခင်(ခ) Mr.Vampire + သူ့အရိပ် uni "သဖေို့အတှကျ စောင့်နေပေမယ့် မင်းနဲ့တွေ့တဲ့အချိန်မှာ သေခြင်းတရားကိုလက်တွန့်မိပြီ " သခင်(ခ)Mr. Vampire Seme "ကျုပ်အပူနဲ့ကျုပ်မို့ ခင်ဗျာကိုယူတာ ။မဟုတ်ရင် ခင်ဗျာလို လ...