Ep 12

79 4 28
                                    

Uni

‌သူနာပြုလေးက ‌လာစစ်ပေးရင်း ဦးနေမျိုးကို စကားပြောပေးနေသည်။ ထိုစဉ် တံခါးမှအသံနဲ့အတူအရိပ်တို့ဝင်လာကြသည်။
"ဖေကြီး "

အသံလာရာကိုကြည့်လိုက်ပြီး
"သားတို့လာကြပြီလား "
ဝင်လာသော သခင်နဲ့ အရိပ်ကို ဦးနေမျိုး ဖော်ရွေးစွာပြုံးပြပြီးနှုတ်ဆက်လိုက်သည်။
"ဖေကြီးက မနက်ကတည်းက လာမယ်ထင်နေတာ "

သခင်နဲ့အရိပ်‌ ဖေကြီးကုတင်းဘေးကခုံမှာဝင်ထိုင်လိုက်ပြီ
"ဟုတ်တယ် ဖေကြီး မနေ့ညက သခင်နေမကောင်းလို့ မနက်ကထိ မသက်သာသေးလို့ သားစောင့်ပေးနေလို့ "

ဖေကြီးသခင်ကိုလှည့်ကြည့်ပြီး
"ဟင်ဟုတ်လား
သားဘယ်လိုနေသေးလဲ။ မနေ့ကလာတုန်းကထိ အကောင်းပါ ဘယ်လိုဖြစ်တာလဲ "

သခင်ပြုံးပြလာပြီး
"သားကဘာမှမဖြစ်ပါဘူး ဖေကြီးသားကစိတ်ပူလွန်နေတာ။ သားကသက်သာပါတယ်။ ဖေကြီးသာနေကောင်းအောင်နေ‌ပါ "

"‌ဪ....အေးပါကွယ် တော်သေးတာပေါ့။ ဂရုစိုက်ကျကွယ် ရာသီဥတုက ပူတယ် နေမကောင်းမဖြစ်စေနဲ့ "

"ဟုတ်ဖေကြီး "

ဦးနေမျိုးပြုံးပြီး သခင်နဲ့အရိပ်ကိုကြည့်နေသည်။ သားဖြစ်သူကို သခင်လက်ထဲမှာ သူစိတ်ချလက်ချ အပ်ခံချင်သည်။ အရိပ် ကိုကြည့်ပြီး ပြုံးရင်းပြောလာသည်။

"သား ဒီနေ့တော့ ဖေကြီးကိုပြန်မိတ်ဆက်ပေးမယ်မလား "

အရိပ် သခင်ကိုပြုံးကြည့်လာသည်။ နောက်ပြီး ဖေကြီးဘက်လှည့်ကာ
"ဟုတ် သားမိတ်ဆက်ပေးရမှာပေါ့။
ဖေကြီး ဒါက သား အမျိုးသား သခင်ပါ...! သခင် ဖေကြီးကိုသေချာမိတ်ဆက်လိုက်ဦး။ "

အရိပ်ဆီက "သား အမျိုးသား" ပါဆိုပြီး ဖေကြီးကိုမိတ်ဆက်ပေးလာတော့ ဘာကြောင့်မှန်းမသိ သခင်ပျော်မိသည်။ ဒီလိုခံစားချက်မျိုးလဲ အသက်ရှင်လာစဉ် တခါမှမခံစားဖူးပေ။ ပျော်လွန်းလို့မျက်ရည်ဝဲမတက်ပင် ။
ဖေကြီးဘက်ကိုလှည့်ပြီး

"ဟုတ် ကျွန်တော်က သူ့အရိပ်ရဲ့ အမျိုးသားပါ ။ ဖေကြီး ကျွန်တော့်ကို မလိမ္မာတာရှိရင် ဆုံးမပါနော်။ အရိပ် လိုဘဲ သားကိုလည်းဆုံးမပါ။ "

Shadow's Mr. Vampire Onde histórias criam vida. Descubra agora