Ep2

153 8 5
                                    

Uni

"ဟဲလို ! သား အမေပါ "
အမေဆိုသောအသံကြားသည်နှင့် အရိပ်ပိုလို့ပင်စိတ်ရှုတ်ရစေသည်။
"သား အမေ့အသံကြားရလား"
နားထောင်နေရင်းပင်အရိပ်မျက်ရည်တွေဝဲနေရဲ့

"ဟုတ်ကဲ့ ပြောပါ"

"အမယ်လေး အမေ့သား။ သားကအမေ့ကိုဖုန်းမဆက်တာကြာလို့အမေ့ကသတိရလို့ဆက်လိုက်တာပါသားရဲ့ "

"အပိုတွေပြောမနေပါနဲ့အမေရာ အမေဖဲရှုံးပြန်ပြီမလား။ ဘယ်လောက်တောင်လဲအမေရာ ကျွန်တော် တကယ်ရူးချင်နေပြီ သိရဲ့လား"

"သားရယ် အမေတောင်းပန်ပါတယ်။ သားအမကလည်း ယူတော့မှာဆိုတော့ အမေ့ကိုငွေမအပ်တာကြာပြီ။သုသု ကလည်းလစာမထုတ် !

"ဘာ...အမေ!
သုသု့ကကျောင်းမတက်ဘူးလား? ။ဘာလဲအလုပ်လုပ်နေတာလား ဟုတ်လားအမေ။

"အယ် အတာဟိုလေသား ..."

အရိပ်မှာထိမ်းထားသောမျက်ရည်တွေပါကျလာပြီး အရင်ဒဏ်ရာတွေပါနာလာခဲ့သည်။
"အငယ်မကဒီနှစ်ပြီးရင်အထက်တန်းပြီးပြီကို ဘာလို့မတက်ခိုင်းတာလဲ။ အမေရယ် သုသုကိုအပူတွေမပေးပါနဲ့။သားနဲ့မကြီးကိုပေးရရင်အမေကျေနပ်ပါတော့ ။သားတကယ်တောင်းပန်နေတာပါအမေရယ် ။ မကြီးလည်းသူ့မင်္ဂလာဆောင်မှာအေးဆေးလေးဆောင်ပါစေ။အမေ့ကြောင့်မင်္ဂလာပွဲပျက်ရတာဘယ်နှခါရှိပြီလဲ။သားတကယ်တောင်းပန်ပါတယ် အမေအဲ့တာတွေမလုပ်ပါနဲ့တော့ဗျာ ...

"တော်စမ်း သူ့အရိပ်!
ငါနင့်အမေ နင်ငါ့ကိုဘာမှခုလိုပြောနေစရာမလိုဘူး။ နင့်တို့မောင်နှမတွေကလေ အဖေသာမတူတာ စောက်ချိုးကတစ်ပုံစံတည်းဘဲ။အမေလုပ်သူက ငွေလေးဒီလောက်တောင်းတာကို ကြီးကြီးကျယ်ကျယ်တွေပြောနေကြတယ်။ နင်တို့မပေးချင်လည်းနေကြ ငါ့ဟာငါ ကြံဖန်ရှာပေးမယ်။ နင်တို့သုံးယောက်ကိုမွေးရတာ တကယ်ဝမ်းရေစပ်တယ်ဟေ့ ဝမ်းရေစပ်တယ်"

"တော်ပါတော့အမေရယ် ။
ကျွန်တော်လည်းအဆင်ပြေနေတာမဟုတ်ဘူး လက်ထဲရှိတာပို့ပေးလိုက်မယ်။ညမလေးကိုတော့ကျောင်းပြန်ပေးနေလိုက်ပါနော်"
ပိုက်ဆံအနံ့ရမှအမေသည် အသံပြောင်းသွားတော့သည်။

Shadow's Mr. Vampire Tempat cerita menjadi hidup. Temukan sekarang