2000ခုနှစ် ,
british columbiaကျောင်းဝန်း၏မြင်ကွင်းပုံရိပ်သည် ညနေခင်းဆည်းဆာရိပ်အောက်၌သေသပ်စွာဆေးခြယ်ခံထားရသည့်နှယ် ၊ အဆောက်အဦးများပေါ်သို့လိမ္မော်နီရောင်သွေးနေသည့် နေရောင်ခြည်တစ်ချို့ကယှက်ဖြာလို့နေသည်။
ကျောင်းဝန်း၏နေရာတစ်ချို့တွင် ထောင်ပြည့်နှစ်အတွက်ဗီဇိုင်းပိုစတာများချိတ်ဆွဲထားပြီး ခပ်သွဲ့သွဲ့တိုက်ခတ်နေသည့်လေညှင်းများကြောင့် လေဟာနယ်ထဲ၌အနည်းငယ်လွန့်လူးနေသည်။
" အစ်ကို ဟန်ဘင်း ! "
ကျောပိုးအိတ်ကြိုးအား ခပ်ကျစ်ကျစ်ဆုပ်ကိုင်၍အဆောင်အပြင်ဘက်ဆီသို့ဦးတည်၍ လှေကားထစ်တလျှောက်ခပ်သွက်သွက်ပြေးဆင်းနေသည့် ဟန်ဘင်း၏ခြေလှမ်းများသည် နောက်ကျောဘက်မှပြန့်လွင့်လာသည့် ရင်းနှီးသည့်ခေါ်သံတစ်ခုကြောင့်ရှေ့ဆက်လှမ်းရန်ပြင်နေရာမှအရှိန်ရပ်လိုက်ရသည်။
" လူးဝစ် ..."
အလျင်လိုနေသည့်ခြေလှမ်းများအား ရပ်တန့်လိုက်ပြီးနောက် အသံလာရာနောက်ကျောဘက်ဆီသို့ဟန်ဘင်းလှည့်ကြည့်လိုက်သည့်အခါမြင်ကွင်းထဲသို့ ဝင်ရောက်လာသူသည် ဟန်ဘင်းတို့နှင့်အတူ အဖွဲ့လိုက်ပရောဂျက်ထဲတွင်ပါသည့် လူးဝစ်ဆိုသည့်ကောင်လေးပင်။
ခပ်လှမ်းလှမ်းအကွာအဝေးကြောင့် လူးဝစ်ကဟန်ဘင်းရှိရာဆီသို့ ခပ်သွက်သွက်ပြေးလာသည်။" လူးဝစ် မေးစရာရှိလို့လား ၊၊
ပရောဂျက်ကိစ္စဆိုရင် ညကြမှအစ်ကိုနဲ့လိုက်ဘရီမှာဆုံကြမယ်လေ ၊ အစ်ကိုအလုပ်သွားရဦးမှာမလို့။"" အစ်ကိုဟန်ဘင်းရဲ့ရှင်းလင်းချက်တွေက မေးစရာမလိုပါဘူးဗျာ ၊ ကျွန်တော်အစ်ကို့ကို နည်းနည်းဒုက္ခလေးပေးချင်လို့ ဟီး ... ။ "
"ဒုက္ခ? ဘာများလဲ ။ "
" မနက်ဖြန်ကြရင်အရေးတကြီးသွားစရာလေးရှိလို့
ကျွန်တော်လုပ်ရမယ့်အပိုင်းတွေကို ၊ အစ်ကိုဟန်ဘင်းက
နည်းနည်းလောက်ကူထားပေးလို့ရမလားလို့ ။ ""တကယ်အရေးကြီးတဲ့ပရောဂျက်ဆိုတာကိုသိပေမယ့်
ကျွန်တော့်ဘက်ကလည်း ဖျက်လို့မရတဲ့ကိစ္စလေးရှိလို့ပါ။ "
![](https://img.wattpad.com/cover/337394026-288-k308752.jpg)