1.3

2.1K 260 5
                                    

Zawgyi

ရုတ်တရက် အာမေဋိတ်တစ်ခုက စကားဝိုင်းကို အဆက်ပြတ်သွားစေခဲ့သည်။

" ဘုရားရေ၊ မင်းတို့တွေ အဲ့ဒါမြင်ပြီးကြပြီလား။ ငါ့သူငယ်ချင်းတွေ forward လုပ်ထားတာ ! " ထို့နောက် သူက ဖုန်းကိုယူလိုက်ကာ မျက်နှာပြင်ကို ဆွဲချရင်း အနီးအနားရှိလူများကို ပြရန်အတွက် သုံးဖက်မြင်,မြင်ကွင်းကို သုံးလိုက်သည်။

ထိုဗွီဒီယိုရိုက်ထားသည်က ရပ်ကွက်လေးတစ်ခုတွင် ဖြစ်ဟန်ရှိသည်။ စုံတွဲတစ်တွဲက အချင်းချင်းရယ်​မောရင်း ဖြည်းဖြည်းချင်း လမ်းလျှောက်လာကြ၏။ ရုတ်တရက် ပုံရိပ်တစ်ခုက မြင်ကွင်းထဲ တဟုန်ထိုးဝင်လာကာ ယောက်ျားဖြစ်သူ၏ ဘယ်ဘက်လက်မောင်းကို ခွေးရူးပြန်သလိုမျိုး ကိုက်ချလိုက်လေသည်။ နှစ်ယောက်လုံး ကြောက်လန့်ပြီး စူးစူးဝါးဝါးအော်ဟစ်ခဲ့ကြသည်။ မကြာမီတွင် သူ့ဘေးရှိလူက သတိဝင်လာပြီး လုံခြုံရေးအစောင့်ကို အော်ခေါ်ရင်း ထိုလူကို အားနှင့်တွန်းထုတ်နေလေသည်။

ထိုလူက အတော်လေးကို တင်းတင်းကြပ်ကြပ်ကိုက်ထားကာ လုံခြုံရေးရောက်လာပြီး လျှပ်စစ်တုတ်နှင့် မခြောက်လှန့်မချင်း မလွှတ်ပေးခဲ့ချေ။ ကိုက်ခံထားရသောလက်မောင်းတွင် သွေးများစိုရွှဲနေသော အပေါက်ကြီးရှိနေပြီး နာကျင်မှုကြောင့် ဖြူဖျော့နေခဲ့သည်။ ခွေးရူးပြန်ရောဂါနှင့်လူက သွေးလူးနေသည့် အသားတုံးကို ကြိတ်ဝါးနေပြီးနောက် မျက်စိတမှိတ်အတွင်း လုံခြုံရေးအစောင့်၏ လည်ပင်းကို ထပ်ကိုက်လိုက်ပြန်သည်။

ဗွီဒီယို ပြီးသွားခဲ့ပြီ၊ အော်ဟစ်သံများ ဆူညံလျက်။

" ဘုရားရေ၊ အဲ့ဒါ ခွေးရူးပြန်ရောဂါလား ! ကြောက်ဖို့ကောင်းလိုက်တာ ! "

ဆွေးနွေးသံများက ကျယ်လောင်လွန်း၍ အခန်းထဲမှ ကျိုးမော့ပင် သူတို့အသံကိုကြားနိုင်သည်။

" အခုလေးတင် သတင်းတစ်ပုဒ် တက်လာတယ် " သူတို့ကို ဗွီဒီယိုပြခဲ့သည့်လူက နောက်ဗွီဒီယိုတစ်ပုဒ်ကို ဆွဲပြလာသည်။

[ ဒီကနေ့ ကျွန်တော်တို့မြို့မှာ ခွေးရူးပြန်ရောဂါ ကိုက်ခံရတဲ့အမှုတွေ အများကြီးဖြစ်သွားပါတယ်။ အခုအချိန်မှာတော့ သူတို့ကို ဆေးရုံဆီပို့ဆောင်ပြီး ထိန်းချုပ်မှုအောက် ထားရှိပါတယ်။ ကျေးဇူးပြုပြီး အထိတ်တလန့်မဖြစ်ကြပါနဲ့၊ ညဖက် အပြင်မထွက်ဖို့ ကြိုးစားပါ၊ ဒီကိစ္စမှာ... ]

ကမ္ဘာကြီး၏ အဆုံးသတ် / ကမ္ဘာကြီး၏ အဆုံးသတ် ABOWhere stories live. Discover now