1.5

2.6K 305 7
                                        

Zawgyi

ကျိုး​မော့မှာ စိတ်ရှုပ်ထွေးစွာဖြင့် တံခါးပိတ်လိုက်ပြီး ရေချိုးခန်းတံခါးကို သတိနှင့် စိတ်လှုပ်ရှားစွာ ချက်ချင်းမကြည့်သေးခင် အိပ်ယာရှေ့တွင် တစ်စက္ကန့်မျှထိုင်နေလိုက်သည်။ ဆံပင်လေမှုတ်စက်ရှာကာ ပလပ်ထိုးလိုက်ပြီးနောက်မှာတော့ ဗီဒိုအမြန်ဖွင့်ပြီး အမည်းရောင်တီရှပ်နှင့် စစ်ဘောင်းဘီရှည်ကို ဝတ်ဆင်လိုက်လေသည်။ လုပ်ငန်းစဉ်တစ်ခုလုံးက မြန်ဆန်သပ်ရပ်ပြီး တစ်စက္ကန့်ထက်မပို။

အသံတစ်သံ မထွက်စေရပဲ ကျောပိုးအိတ်ကို မ,ယူကာ အမြန်ထုပ်ပိုးလိုက်ပြီး တံခါးအသာဖွင့်၍ တဟုန်ထိုးထွက်ပြေးတော့သည် !

သူ မြန်နိုင်သလောက် မြန်မြန်ပြေးလာရင်း  ဓာတ်လှေကားထဲ ဝင်သွားလိုက်သည်၊ 10, 9, 8, 7 1, 0 ! သူက ဆယ်ထပ်မြောက်ရဲ့ စတုရန်းကွက်ဆီကို ခြေလှမ်းကျဲကျဲ လှမ်းသွားသည်၊ ကျိုးမော့မှာ စခန်းထဲမှ ဒုန်းစိုင်းထွက်လုနီးပါး ။

ကျိုး​မော့သည် အခါတိုင်း 5 မိနစ်လျှောက်ရသည့် ခရီးကို ယခုတော့ 2 မိနစ် မပြည့်၊ စခန်း၏ မှတ်ပုံတင်ခြင်းအပေါက်ဝကို ရောက်ရှိခဲ့ပြီးဖြစ်သည်။ ခရီးသွားခြင်းကို စစ်ဆေးသူက ကျိုးမော့၏ ရေစိုဆံပင်နှင့် အမောတကောဖြစ်​နေပုံကို လေ့လာကာ သူ၏မျက်စိသူငယ်အိမ်များနှင့် လက်များကို စက်တွင်သက်သေခံရင်း အပြုံးတစ်ခုနှင့် ​မေးလာသည်။

" မင်း အခုလေးတင် ပြန်ရောက်တာမဟုတ်လား ? ဘာလို့ ထပ်ထွက်လာတာလဲ ? "

ကျိုမော့က စစ်ဆေးသူကို ခပ်တောင့်တောင့်ပြုံးပြလိုက်သည်။ စာရင်းတင်ခြင်းကို မှတ်တမ်းယူသည့် နှစ်စက္ကန့်က သူ့အတွက်တော့ ရာစုနှစ်တစ်ခုစာလောက် ကြာသလိုပါပင်။

နောက်ဆုံး စာရင်းတင်ခြင်း ပြီးသွားသည့်နောက်၌ ကျိုးမော့သည် ပြန်ပင်လှည့်မကြည့်တော့ပဲ ဓာတ်လှေကားကို မြေပြင်ဆီနှိပ်လိုက်တော့သည်။

ထို့နောက်တွင် ကျိုးမော့သည် စိတ်သက်သာရာရသွားသော်ငြား ဓာတ်လှေကားတံခါးက ပြန်ပွင့်သွားလေသည်။

သူ့အခန်းထဲက ရေချိုးခန်းတွင် ရှိနေရမည့် ယောက်ျားက သူ့ရှေ့တွင်ရပ်နေလေသည်။ ဆံပင်က စိုစွတ်နေပြီး တောင့်တင်းသန်မာသည့် အပေါ်ပိုင်းကိုယ်ထည်က ဝတ်လစ်စားလစ်ဖြစ်နေကာ ရေစက်များက တရွေ့ရွေ့အောက်သို့ လိမ့်ဆင်းသွားပြီး စိတ်ကိုအနှောင့်အယှက်ပေးနေကြသည်၊ သူ့ခန္ဓာကိုယ်အောက်ပိုင်းတွင် ဝတ်ဆင်ထားသည့် စစ်ဘောင်းဘီအစိုက ခါးပတ်ပြုတ်နေခြင်းကြောင့် ဘောင်းဘီခွနေရာတွင် အိတွဲကျနေလျက်။ ဘောင်းဘီလျှောကျမသွားရသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ ယောက်ျား၏ ပေါင်ခြံနေရာအောက်တွင် ဦးစိုက်ကျနေသော လိင်အင်္ဂါကြောင့် ဖြစ်နိုင်ပေသည်။

ကမ္ဘာကြီး၏ အဆုံးသတ် / ကမ္ဘာကြီး၏ အဆုံးသတ် ABOWhere stories live. Discover now