4.1 [ extra ]

2.5K 273 11
                                        

Zawgyi

|| ကိုယ်ဝန်ရခြင်း||

ကျိုးမော့ အနည်းငယ်စိတ်လှုပ်ရှားမိသည်။ သူ့မှာ မထိန်းနိုင်ပဲ ဇနီးမောင်နှံလက်ထဲမှကလေးကို ထပ်ခါတလဲတလဲပြန်ကြည့်နေမိ၏။

ထိုစုံတွဲက ကျိုးမော့၏အကြည့်ကို သတိထားမိသွားပြီး ပြုံးပြလာသည်။ အရပ်ပိုနိမ့်သည့်အမျိုးသားက ကလေးချီချင်လားဟုမေးပြီး ပြုံးလျက် ကလေးကိုလက်ကမ်းပေးလာ၏။

ကျိုးမော့မှာ နို့နံ့သင်းနေသည့် ကလေးလေးကိုချီလိုက်ရင်း ဘာလုပ်ရမှန်းမသိဖြစ်သွားရသည်။ ကလေးရဲ့ နူးညံ့သည့်မျက်လုံးများက အမည်းရောင်စပျစ်သီးလေးများကဲ့သို့ တောက်ပနေကာ သူမ၏အသားပြည့်​ဖောင်းနေသည့် လက်သီးဆုပ်လေးများကို ရင်ဘတ်ရှေ့တွင်တင်းတင်းဆုပ်ထားလျက်။ သူမက ကျိုးမော့ကို အရမ်းသဘာကျသလိုမျိုး သူမ၏ဖြူဖွေးသော မျက်နှာလေးထက်တွင် အပြုံးတစ်ခုရှိနေကာ လက်သီးသေးသေးလေးနှစ်ခုက စတင်ဝှေ့ယမ်းလာပြီး စိတ်လှုပ်ရှားသလိုမျိုး ခိုးခိုးခစ်ခစ်အသံပြုလာသည်။

" ကလေးက မစ္စတာကျိုးကို အရမ်းသဘောကျတဲ့ပုံပဲ... " ထိုစုံတွဲကလည်း ရယ်မောလာ၏။

သူတို့က ကျိုးမော့မှာ လူသားမျိုးနွယ်ကိုကယ်တင်​ပေးခဲ့သည့် ပရော်ဖက်ဆာစုန့်၏လက်ထောက်ဖြစ်ခဲ့တာကြောင့် ကျိုးမော့ကို အလွန်ယဉ်ကျေးကာ ကျေးဇူးတင်ကြလေသည်။ အသက်ရှင်ကျန်သူတိုင်းက ဒီဘီတာကို မြင်ဖူးကြသည်၊ မစ္စတာကျိုးမှာ ဇွန်ဘီတွေက ဘီတာတွေကိုမကိုက်ကြောင်းသက်သေပြတဲ့ဗွီဒီယိုရိုက်ဖို့အတွက် ဇွန်ဘီအုပ်ထဲကို တစ်ယောက်ထဲဝင်သွားခဲ့သည်လေ။

နူးညံ့သည့်ကလေးလေးကိုကြည့်ရင်း ယောက်ျားတစ်ယောက်၏မျက်နှာက ကျိုးမော့ခေါင်းထဲတွင်ပေါ်လာခဲ့သည်။ ထိုအမျိုးသားက သူ့ကိုဖက်ထားရင်း သူနဲ့တူတဲ့က​လေးတစ်ယောက်လောက်လိုချင်ကြောင်း ပြောခဲ့ဖူး၏၊ သူက ဘီတာဆိုတာတောင်မှလေ။

ကျိုးမော့ခေါင်းထဲတွင် ဖြူဖွေးနူးညံ့သည့် ဝတုတ်တုတ်ကလေးတစ်ယောက်က ရုတ်တရက်ပေါ်လာခဲ့သည်။ သူက ကလေးရဲ့လက်သေးသေးလေးတွေကို လှုပ်ယမ်းရင်း ကလေးက သူ့ရဲ့တောက်ပကြည်လင်တဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်ကာ သူ့ကို ဒယ်ဒီ လို့ ခေါ်လာလိမ့်မည်။

ကမ္ဘာကြီး၏ အဆုံးသတ် / ကမ္ဘာကြီး၏ အဆုံးသတ် ABOWhere stories live. Discover now