3.6

1.8K 237 4
                                        

Zawgyi

အသေအချာကို မနက် 10 နာရီအချိန်တွင် အဝေးမှ ပေါက်ကွဲသံများနှင့် သေနတ်သံကို ကြားရလေသည်။ အဓိကရုဏ်းဆန့်ကျင်သည့်ယာဉ်သုံးစီးက ချဉ်းကပ်လာတာကိုမြင်နိုင်ပေ၏။ ဤယာဉ်အမျိုးအစားကို လူသူမရှိသည့်ပတ်ဝန်းကျင်၌ တစ်ခါမှမမြင်ဖူးပါချေ။ ၎င်းက တင့်ကားအသေးစားလေးနှင့်တူ​သော်လည်း တင့်ကားထက်ပိုမြန်၏။ ခေါင်မိုးထက်တွင် အယ်လ်ဖာတစ်ဦးရှိနေပြီး သေနတ် ဒါမှမဟုတ် ဒုံးကျည်အသေးစားတစ်ခုကို သယ်ဆောင်ထားကာ အနားမှဇွန်ဘီများကို ပစ်ခတ်နေသည်။

သို့သော်လည်း ကြီးမားသည့်ဆူညံသံကြောင့် ဇွန်ဘီအများအပြားက ဤနေရာသို့ စုပြုံလာကြလေတော့၏။ ကားသုံးစီးက အဆောက်အဦးအောက်တွင် တန့်လိုက်ကြသည်။ ရုန်ယန်က သူ့နားတွင်တပ်ထားသည့် တယ်လီဖုန်းနားထောင်ခွက်ကိရိယာကိုဖိလိုက်ကာ အဆောက်အဦးအပေါ်ဆုံးမှနေ အောက်သို့ခုန်ဆင်းရန် ကြိုးတစ်ချောင်းကို အတူတွဲလွဲခိုဆင်းဖို့လိုကြောင်း ကျိုး​မော့ကိုပြောလာသည်။

ကားခေါင်မိုးပေါ်ရောက်သည်အထိ ရုန်ယန်က ကျိုးမော့ကို နီးနီးကပ်ကပ်ဖက်ထားလျက် ကျိုးမော့၏နားရွက်နီများကိုကြည့်ပြီး​နောက်တွင် လွှတ်ပေးလိုက်သည်။ ရုန်ယန်က သူ့ကိုနှုတ်ဆက်နေကြသည့် တခြားအယ်လ်ဖာများကို နှုတ်ဆက်လိုက်၏၊ တချို့အယ်လ်ဖာများဆိုလျှင် ကျိုးမော့ကို မရီးအနေဖြင့် အပြုံးအကြီးကြီးများနှင့် ညွှန်ပြနေကြလေသည်။

ရုန်ယန်က ကျိုးမော့မျက်နှာအမူအရာကိုကြည့်လိုက်ကာ ဖြည်းဖြည်းချင်း ပါးစပ်ဖွင့်၍ " ဒါက ကျိုးမော့၊ ငါတို့အခြေစိုက်စခန်းရဲ့ အသက်ရှင်ကျန်သူတွေထဲကတစ်ယောက်ပဲ "

ဘေးပတ်ဝန်းကျင်ရှိ အယ်လ်ဖာများက အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြကာ ကျိုးမော့က ခေါင်မိုးဖုံးကိုဖွင့်ပြီး ယာဉ်ထဲသို့ မထူးမခြားနားပုံစံဖြင့်ဝင်သွားသည်ကို ကြည့်လိုက်ကြသည်။

သူတို့ထဲမှတစ်ဦးက ရုန်ယန်ကို သူ့ဇနီးလေးနှင့်အဆင်ပြေရမည့်အစား ဝေးသထက်ဝေးအောင် ဘာလို့တွန်းထုတ်​နေရသည့်အကြောင်းကို မေးလာသည်။

ကမ္ဘာကြီး၏ အဆုံးသတ် / ကမ္ဘာကြီး၏ အဆုံးသတ် ABOWhere stories live. Discover now