3.5

1.9K 270 3
                                        

Zawgyi

ကောင်းကင်တစ်ခွင်က အဖြူရောင်အဖြစ်ပြောင်းလဲသွားခဲ့ပြီး နေထွက်လာတော့မည်ဖြစ်သည်။

အဆောက်အဦး၏တံခါးအပြင်ဖက်တွင် သော့ခတ်ခံထားရသည့် ဇွန်ဘီများ၏ ဟိန်းအော်သံများကိုနားထောင်ရင်း အဆောင်အဦးအောက်မှ မရေတွက်နိုင်သည့် ဇွန်ဘီအုပ်ကြီးကိုကြည့်ရင်း လူနှစ်ဦးမှာ ပင့်သက်ရှိုက်မိသွားသည်။ နံရံကိုမှီကာ နှစ်ယောက်သားမျက်နှာချင်းဆိုင်ထိုင်နေကြရင်း တိတ်ဆိတ်လျက်။

၎င်းမှာ ကျိုးမော့ဖက်က စတင်၍ စကားမပြောခင်အထိ။ " ရုန်ယန်၊ ငါ အရင်ကပြောခဲ့ဖူးတာကြောင့် ဒေါသထွက်ပြီး လက်စားချေချင်တာဆိုရင် ငါမင်းကို အခုတောင်းပန်မယ်။ ငါက ငါဘာတွေပြောခဲ့မိမှန်းကို သိတာမဟုတ်ဘူး... " ကျိုးမော့က တန့်သွားကာ ခံစားချက်ကြောင့် စကားမပြောနိုင်လုနီးနီးဖြစ်သွားပြီး အသံတိုးတိုးဖြင့် ဆက်၍ပြောလာသည်၊ " မင်းရော ငါရောရဲ့အကျိုးအတွက် ငါ့ကိုလွှတ်ပေးလိုက်ပါတော့.... "

နှစ်ယောက်ကြားတွင် တိတ်ဆိတ်မှုက ကြီးစိုးသွားခဲ့သည်။ ကျိုးမော့ထင်တာတော့ ရုန်ယန်က အဖြေပေးလိမ့်မှာမဟုတ်ဘူးဆိုတာပင်။

" ကျွန်တော်က လက်စားချေနေတာလို့ ဘယ်သူပြောလဲ " ရုန်ယန်က သူ့ပါးစပ်ကိုရုတ်တရက်ဖွင့်လာပြီး သူ့ကိုသံသယဖြင့်ကြည့်နေသည့် ကျိုးမော့ကိုကြည့်လိုက်သည်။ သူ၏မျက်နှာချောချောက တဖြည်းဖြည်းနှင့် ထိုးထွင်းသိမြင်သည့်အပြုံးတစ်ခုပြသလာခဲ့သည်၊ " ကျွန်တော် ခင်ဗျားကိုချစ်တယ် ကျွန်တော့်ရဲ့ရှောင်မော့။ ကျွန်တော့်အချစ်ကို ဘာလိုလုပ်ပြီး လွှတ်ပေးရမှာလဲ "

ရလဒ်အနေဖြင့် ရုန်ယန်သဘောမတူမှာကိုသိသော်လည်း ဒီလိုမျိုးပြန်ဖြေလာလိမ့်မည်ဟု ကျိုးမော့မထင်ထားခဲ့ပေ။ သူ့မှာ ရုန်ယန်၏အပြုံးကြောင့် အေးခနဲဖြစ်သွားရ၏။ ရုန်ယန်က မတ်တပ်ရပ်လိုက်ပြီး ဖြည်းဖြည်းချင်းလျှောက်လာကာ သူ့ကို​ပွေ့ဖက်တော့မည့်အချိန်တွင် ကျိုးမော့က အလျင်အမြန်ရှောင်တိမ်း၍ နောက်ကိုဆုတ်လိုက်သည်။ သူက အဆောက်အဦးအမိုးစွန်းသို့ အလျင်အမြန်လှည့်သွားလိုက်ပြီး ခြေထောက်တစ်ချောင်းကို အပြင်သို့ထုတ်လိုက်သည်။

ကမ္ဘာကြီး၏ အဆုံးသတ် / ကမ္ဘာကြီး၏ အဆုံးသတ် ABOWhere stories live. Discover now