3.4

1.9K 256 2
                                        

Zawgyi

နေလုံးကြီးက ဝင်လုဆဲဆဲ။ လမ်းဘေးဖက်ရှိ အမှတ်အသားဆိုင်းဘုတ်က နောက်မြို့၏ အကွာအဝေးကို ညွှန်ပြနေသည်။ 56 ကီလိုမီတာ။ ကျိုးမော့ ကားမောင်းထွက်သွားသည်။

မြို့တော်တစ်ခုလုံး၌ ဇွန်ဘီများ အထူထပ်ဆုံးအချိန်မှာ ညဖက်ဖြစ်ပေသည်။ ပျက်စီးယိုယွင်းနေသည့် လမ်းမများကို ဖြတ်သွားနေသည့် ဇွန်ဘီအုပ်စုများရှိပြီး အမောတကောဖြစ်နေကြကာ အက်ကွဲသည့်အသံများနှင့် ဟိန်းဟောက်နေကြသည်။ ကျိုးမော့က အထပ်များစွာပါသည့် ရှော့ပင်းမောလ်တစ်ခုထဲတွင် ဝင်ပုန်းလိုက်သည်၊ မှန်ပြတင်း​ပေါက်ကိုဖြတ်၍ အောက်ထပ်ရှိလမ်းမများပေါ်မှ သိပ်သည်းသည့်ဇွန်ဘီများကို ကြည့်ရင်း အသက်တစ်ရှိုက်ရှူလိုက်မိသည်။

ညနေခင်းဇွန်ဘီအရေအတွက်မှာ နေ့အချိန်ထက် နှစ်ဆနီးနီးပိုများလေသည်။ ဒီလောက်ဇွန်ဘီများစွာဝန်းရံလျက် သူ အောင်အောင်မြင်မြင်နှင့် အသက်ရှင်နေနိုင်ဦးမည်ဟု ကျိုးမော့ အာမ,မခံနိုင်ချေ။ ကျိုးမော့က ပြတင်းပေါက်ဆီမှ တိတ်တဆိတ်ခွာလိုက်ပြီး ညဖက်တွင် နားနေရန် အခန်းတစ်ခန်းသွားရှာတော့သည်။

အဆောက်အဦးက ရှင်းလင်းခံထားရဟန်။ ဇွန်ဘီများများစားစားမရှိပဲ ကျိုးမော့မှာ ထိုဇွန်ဘီများ၏အာရုံကို ခက်ခက်ခဲခဲဆွဲဆောင်ခဲ့ရသည်။ သူက အဆောက်အဦး၏ထိပ်ဆုံးထပ်သို့သွားပြီး မြို့ကိုကြည့်လိုက်သည်။ ယနေ့ညတွင်​တော့ သူ ဒီနေရာမှာ ယာယီနေဖြစ်မည်။

ဒီနေရာက ဥက္ကဌနားနေခန်းဖြစ်သည်။ အတွင်းပိုင်းအဆင်အပြင်က လွန်ခဲ့သည့်နှစ်အနည်းငယ်ကအတိုင်း တထပ်တည်းနီးပါး။ ရေတောင် ချိုးနိုင်လေသည်။ အာဟာရပုလင်းများနှင့် ရှားပါးသည့်ဝိုင်နီပုလင်းများကပင် ရေခဲသေတ္တာထဲ၌ ဖွက်ထားခံရသည်။ ကျိုးမော့ခန္ဓာကိုယ်က အပြည့်အဝပြန်မကောင်းသေးတာကြောင့် အစာမာများကို စားမရပေ၊ ထို့ကြောင့် အာဟာရအစာများက အသင့်တော်ဆုံးဖြစ်၏။

ကျိုးမော့က အာဟာရထုပ်တစ်ထုပ်ကိုဖောက်လိုက်ပြီး ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။ ဒီအခန်းရဲ့ အသံလုံစနစ်နှင့် လေလုံစနစ်က အရမ်းကောင်းလှ၏။ ယခင်တုန်းက အယ်လ်ဖာတစ်ဦး၏အခန်းဖြစ်နိုင်သည်။ အခန်းတိုင်းက အလုံပိတ်စနစ်များတပ်ဆင်ထားတာဖြစ်နိုင်ပြီး အလွန်ဘေးကင်း၏။

ကမ္ဘာကြီး၏ အဆုံးသတ် / ကမ္ဘာကြီး၏ အဆုံးသတ် ABOWhere stories live. Discover now