1.1

5.7K 341 4
                                        

Zawgyi

{အဆုံး၌ အသက်ရှင်ကျန်ခြင်း}

AOB Era 3021, မတ်လ 21 ရက်

နေမင်းကြီးက လောင်မြိုက်နေပြီး ကုန်းမြေက လူသူကင်းမဲ့နေ​သည်၊ အတိတ်မှာ ပျားပန်းခတ် သွားလာလှုပ်ရှားနေခဲ့ကြတဲ့ မြို့တော်ဟာ အခုတော့ အပျက်အစီးတစ်ခုသာပင်။ ဘာမှမရှိတဲ့လမ်းမတွေက ပိုလို့တောင်လူသူကင်းမဲ့နေပြီး  မြင့်မားသည့်အပူလှိုင်းလုံးထဲတွင် ကတ္တရာလမ်းများကသာ ဖောင်းကြွရင်း တွန့်လိမ်ရှုံ့ပွနေကြသည်။

ကောင်းကင်မှာ ဘာလေမှ တိုက်ခတ်မနေဘူး၊ ပျက်စီးယိုယွင်းနေသည့် အထပ်မြင့်အဆောက်အအုံကြီးများ၏ အရိပ်ကလည်း ပူပြင်းပြီး စိတ်တိုစရာကောင်းလှသည်။

" ဟာ့ ဟာ့... " ဂရုစိုက်ပြီး နားထောက်ကြည့်လိုက်။ အဝေးမှာ ပင့်သက်ရှိုက်နေတဲ့ အသံတွေက လူသားတစ်ယောက်ရဲ့ အသံနဲ့ တူမနေဘူး။ ပြီးတော့ မြေကြီးပေါ်မှာ တစ်စုံတစ်ခုကို ဒရွတ်တိုက်ဆွဲနေတဲ့ အသံရှိလေတယ်။ လေးလေးပင်ပင် အသက်ရှူသံက တဖြည်းဖြည်းနီးကပ်လာခဲ့တယ်။ လည်ချောင်းနောက်ကနေ ဆန်တက်လာတဲ့ တကျွတ်ကျွတ်မြည်သံကိုလည်း ကြားနိုင်သေးရဲ့၊ အဲ့ဒါက နှစ်ပေါင်းများစွာကြာအောင် ဘာမှမစားခဲ့ရတာနဲ့ နီးစပ်လှတယ်။

ရုတ်ချည်းဆိုသလို ဘာမှမရှိတဲ့လမ်းမထက်တွင် လူပုံသဏ္ဍာန်တစ်ခု ပေါ်ထွက်လာခဲ့သည်။

ထိုအရာကို " လူ " လို့တောင် ခေါ်မရ။

၎င်းက ညစ်ပတ်ပေရေနေတဲ့ ယောက်ျားတစ်ယောက်၊ သေဆုံးပြီး တစ်လအကြာမှာ မြေကြီးထဲကနေ တွားသွားထွက်လာတဲ့ အလောင်းတစ်ခုလိုမျိုး ပေါ်လာလေသည်။

သူ့ခန္ဓာကိုယ်က ပုံပျက်ပန်းပျက်နဲ့ တွန့်လိမ်နေပြီး ကျိုးနေတဲ့ခြေထောက်တစ်ချောင်းကို နောက်ကနေ ဒရွတ်တိုက်ဆွဲလာသည်။ လက်မောင်းတို့က တန်ဆာဆင်ထားသည့် အရာတွေလိုမျိုး ခန္ဓာကိုယ်မှနေ တွဲလောင်းကျလျက်။ တွန့်လိမ်ပြီး ဟိုဟိုဒီဒီလမ်းလျှောက်ချိန်တွင် ထိုအရာများက ရှေ့တိုးနောက်ငင် လှုပ်ယမ်းနေကြသည်။ လက်မောင်းတစ်ဖက်ဆိုလျှင် အသွေးအသားတွေ မရှိတော့ပဲ အရိုးမဲမဲတွေသာ ကျန်တော့သည်။ အဝတ်အစားတွေကတော့ စုတ်ပြဲ၍ အပေါက်ဖြစ်နေပြီ။ ၎င်းက အစိမ်းရင့်ရောင် T - shirt တစ်ထည်မှန်း သိသာပြီး သူ့ရင်ဘတ်က သွေးမည်းများ၊ အညစ်အကြေးများဖြင့်အပြည့်။

ကမ္ဘာကြီး၏ အဆုံးသတ် / ကမ္ဘာကြီး၏ အဆုံးသတ် ABOWhere stories live. Discover now