3.2

2.1K 269 7
                                        

Zawgyi

အမှန်အတိုင်းဆိုရလျှင် ကျိုးမော့မှာ ရုန်ယန်က 10 ထပ်မြောက် ဟောခန်းမထဲ၌ သူ့ကိုစောင့်နေကြောင်း တွေ့လိုက်ရလျှင် ခဏမျှရပ်တန့်သွားခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ရုန်ယန်ကို မမှတ်မိသောကြောင့်ပင်။

လူများစွာဝန်းရံလျက် ထိုနေရာတွင်မတ်တပ်ရပ်နေခဲ့ပြီး အယ်လ်ဖာက အညိုရောင်ဆံပင်အတိုများရှိကာ အသားလတ်၍ နူးညံ့သိမ်မွေ့သော သွင်ပြင်များရှိသည်။ သူ၏အပြုံး၌ နူးညံ့မှုတစ်စွန်းတစ်စပါဝင်လျက်။ ပထမဆုံးအမြင်နဲ့တင် ကျိုးမော့သည် ထိုအယ်လ်ဖာမှာ ကမ္ဘာအဆုံးသတ်မတိုင်ခင်က ကောင်းမွန်သောမိသားစုနှင့် ပညာရေးကောင်းကောင်းရှိရမည်စု သိလိုက်ရသည်။

သူက ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ရှပ်အင်္ကျီတစ်ထည်ဝတ်ဆင်ထားကာ ရင်ဘတ်ပေါ်မှ ထိပ်ဆုံးကြယ်သီးနှစ်လုံးကို ဖြုတ်ထားရင်း စွပ်ကျယ်အသေးဆိုဒ် အမည်းတစ်ထည်နှင့် လှပသည့်ညှပ်ရိုးကို ပြသထားပေသည်၊ ခန္ဓာကိုယ်အောက်ပိုင်းတွင်က ပြောက်ကျားဘောင်းဘီတစ်ထည်ကို ဝတ်ဆင်ထားကာ လေးလံသည့် Martin ဘွတ်ဖိနပ်များကို စီးထားပေသည်။ သူက အလွန်အရပ်ရှည်ပြီး သန်မာလှသည်။ ကမ္ဘာပျက်ကပ်အတွင်း သတ်မှတ်ထားသည့် အဝတ်များကိုဝတ်ဆင်ထားသော်ငြား ဟန်ရေးပြမော်ဒယ်တစ်ယောက်လိုမျိုး ထိုနေရာတွင် မတ်တပ်ရပ်နေခဲ့သည်။

ကျိုးမော့က အသာအကြည့်လွှဲလိုက်ကာ အခြေစိုက်စခန်းထဲမှထွက်ရန် ဓာတ်လှေကားစီးဖို့အတွက် အဆင်သင့်ဖြစ်နေလေပြီ။

သို့ပေမယ့် ထိုလူအုပ်ထဲမှ ကြည့်ကောင်းသည့်လူက သူ့ဆီကို တန်းတန်းမတ်မတ် လျှောက်လာပြီး သူ့နာမည်ကိုခေါ်လိုက်မည်ဟု မထင်ထားခဲ့ပေ။

ကျိုးမော့မှာ မျက်နှာသေနှင့်ကြည့်နေသော်လည်း နှလုံးသားထဲမှာတော့ [ ? ? ? ] များ ပြည့်နေလေ၏။

ရုန်ယန်က သူ့ကိုမမှတ်မိနိုင်ဖြစ်နေသည့် ကျိုးမော့ကိုကြည့်လိုက်သည်။ သူ၏ တောက်တောက်ပပအပြုံးက တဖြည်းဖြည်းမှိန်ဖျော့လာတော့သည်။ သူ့မျက်နှာအမူအရာမှာ အနည်းငယ်​ကြေကွဲဟန် ဖြစ်သွားခဲ့သည်။ သူ့ပုံစံက ကျိုးမော့နှင့် အလွန်ရင်းနှီးဟန်။ သူ့မေးကို ကျိုးမော့ပုခုံးပေါ် ရင်းနှီးစွာယိုင်လိုက်ရင်း သူ၏ဆွဲငင်းအားရှိသည့် အသံနိမ့်နိမ့်ဖြင့် ကျိုးမော့နားထဲကို​ပြောလိုက်သည်၊ " ရှောင်မော့ ကျွန်တော်ပါ ရုန်ယန်လေ။ မနေ့က ခင်ဗျား ကျွန်တော့်ကိုကယ်ခဲ့တာ... "

ကမ္ဘာကြီး၏ အဆုံးသတ် / ကမ္ဘာကြီး၏ အဆုံးသတ် ABOWhere stories live. Discover now