2.1

2.5K 262 2
                                        

Zwagyi

{ပထမအကြိမ်အတွက် ဖိအားပေးခံရခြင်း}

အိပ်ခန်းထဲတွင်

ရုန်ယန်က ရေခဲသေတ္တာအ​သေးလေးကို ဖွင့်လိုက်ပြီး ရေခဲရေတစ်ဗူး ​သောက်ရန်ရှာလိုက်သည်။ သူက မတ်တပ်ရပ်နေသည့်ကျိုးမော့ကို ကြည့်​နေဆဲ။ ကျိုးမော့ကို ပြုံးပြရင်း ဖြည်းဖြည်းချင်း ပါးစပ်ဖွင့်လာ၏။  " ဘာလို့လဲ ၊ ခင်ဗျား ခုနက ဘာပြောထားလဲ။ ကျွန်တော် ထပ်ပြီးပြောပေးဖို့ လိုလား "

အိပ်ခန်းတံခါးတွင် မတ်တပ်ရပ်နေသည့် ကျိုးမော့က လက်သီးတင်းတင်းဆုပ်လျက် သဘာဝမကျစွာ တောင့်တင်းသွားသည်။ အခန်းထဲ ဝင်လာချင်းမှာတင် သူ့ခြေထောက်များက ကျိုးသွားပြီး သူ့လက်များက ပိတ်မိနေသလိုမျိုး လမ်းမလျှောက်နိုင်တော့သလို ခံစားလိုက်ရသည်။ သို့ပေမယ့် ရုန်ယန်ရဲ့စကားကို မနာခံပဲ မနေရဲပါ၊ သူ့အဝတ်များကို တောင့်တင်းစွာဖြင့် စချွတ်ရန်သာ တတ်နိုင်သည် ။

ရုန်ယန်က ကျိုးမော့ကို ခဏမျှစိုက်ကြည့်ပြီးနောက် သူ့ဘောင်းဘီရှည်များကို ချွတ်ချကာ ရေချိုးခန်းဆီ လျှောက်သွားလိုက်သည်။

" ကျွန်တော် ရေချိုးလိုက်ဦးမယ်၊ ကျွန်တော်ထွက်လာတဲ့ အချိန်ကျရင် ခင်ဗျားဘာသာ ချဲ့ထားတာကောင်းမယ် "

ကျိုးမော့ လုံးဝထွက်မပြေးရဲခဲ့။ အဝတ်များကို တစ်ထပ်ချင်းချွတ်ချပြီး အနားပတ်ဝန်းကျင်ကို ဗလာသက်သက်ကြည့်လိုက်သည်။

အထပ် 20 ရှိ အခန်းက အကောင်းဆုံးဖြစ်ကာ စတုရန်းမီတာ 20 နီးပါး ကျယ်ဝန်းသည်။ တန်ဆာဆင်ယင်မှုက အလွန်ဇိမ်ကျပြီး ဘယ်အရာမဆို ရရှိနိုင်၏ ။

အခြေခံ အိမ်တစ်လုံးကဲ့သို့ ဧည့်ခန်းနှစ်ခုပါကာ မီးဖိုခန်းတစ်ခန်းနှင့် အိပ်ခန်းနှစ်ခန်းရှိသည်။ အိပ်ခန်းတစ်ခန်းစီတွင် ကိုယ်ပိုင်ရေချိုးခန်းတစ်ခန်းနှင့် စာဖတ်ခန်းတစ်ခန်းပါသည် ။ သို့ပေမယ့် ရုန်ယန်၏ ကိုယ်ပိုင်အကြံဉာဏ်များက နေရာကို အကြီးအကျယ်ပြောင်းလဲပစ်ခဲ့သည်။ အိပ်ခန်းတစ်ခန်းက သူ၏သီးသန့်လက်နက်ခန်းအဖြစ် အပြောင်းခံလိုက်ရပြီး မာစတာအိပ်ခန်းက စာကြည့်ခန်းနှင့် ဆက်သွယ်ခံလိုက်ရသည်။ အခန်းအသွင်အပြင်က တန်ဖိုးကြီးပြီး လက်တွေ့ဆန်လျက်။

ကမ္ဘာကြီး၏ အဆုံးသတ် / ကမ္ဘာကြီး၏ အဆုံးသတ် ABOWhere stories live. Discover now