3.7

1.9K 248 4
                                        

Zawgyi

နေ့စဉ်နေ့တိုင်း ဇွန်ဘီလှိုင်းလုံးများစွာကို သတ်ဖြတ်ရသော အယ်လ်ဖာများမှာ ဆင်းရဲဒုက္ခဖြစ်ကြရသည်။ သူတို့က အယ်လ်ဖာများဆိုသော်ငြား လူသားများဖြစ်နေဆဲပင်။ အနားယူရန်လိုအပ်ကြ၏။ သူတို့က နေ့တိုင်းမကြာမကြာ ဘယ်လိုလုပ်တိုက်ခိုက်နိုင်ကြမည်နည်း ? လက်နက်များစွာကို အသုံးပြုသည်ဆိုရင်တောင်မှလေ။

တချို့အယ်လ်ဖာများက ကန့်ကွက်ကြသော်ငြား ပရော်ဖက်ဆာစုန့်က ပြန်ပြော၏၊ " ငါသာ ဒီဆေးတွေ၊ပစ္စည်းကိရိယာတွေမရှိလို့ ကာကွယ်ဆေးမလုပ်နိုင်ရင် မင်းတို့တာဝန်ယူမှာလား " စခန်း၏ ထိပ်စီးပိုင်းမှလည်း ဒါကိုပြောခဲ့တာကြောင့် သူတို့အနေနှင့် ပရော်ဖက်ဆာစုန့်၏အမိန့်များကို နားထောင်ရုံသာတတ်နိုင်ပေသည်။

အယ်လ်ဖာအုပ်စုမှာ ပရော်ဖက်ဆာစုန့်ရှေ့ရောက်လျှင် အတော်လေးစိတ်အခြေအနေမကောင်းကြ။ အယ်လ်ဖာများမှာ အထက်ပါအချက်များကြောင့် ပရော်ဖက်ဆာစုန့်အား မကျေနပ်ကြသည့်အပြင် နောင်တကြီးစွာဖြင့် စိတ်ညစ်နေကြသည့် အယ်လ်ဖာများမှ ပရော်ဖက်ဆာစုန့်အား သတ်သာပစ်လိုက်ချင်သည့် တခြားအကြောင်းအရင်းတစ်ခုရှိသေးသည်။

ပရော်ဖက်ဆာစုန့်က ပစ္စည်းများကိုရှာချက်ရုံသာမဟုတ်ပဲ သူ့ဘာသာသွားချင်ပါသည်တဲ့လေ။ ပရော်ဖက်ဆာစုန့်သာ တစ်ချိန်လုံးကားထဲမှာနေပါက သူတို့အနေဖြင့် ပရော်ဖက်ဆာ၏လုံခြုံမှုကို အာမခံနိုင်ကာ ဇွန်ဘီများကို ကမူးရှူးထိုးသတ်ပစ်နိုင်လေသည်။

သို့သော်လည်း ပရော်ဖက်ဆာစုန့်မှာ ပစ္စည်းများရှာဖွေရန် သူတို့နှင့်အတူ အမြဲလိုက်ပါလိမ့်မည်ဖြစ်သည်။ သူတို့မှာ ဇွန်ဘီများကို သတ်ရန်သာမကပဲ ပရော်ဖက်ဆာစုန့်ကိုလည်း တစ်ချိန်လုံးကာကွယ်ပေးဖို့လိုသေးသည်။ ဒါပေမယ့် ပရော်ဖက်ဆာစုန့်က သူတို့ကိုအတော်လေးမုန်းတာကြောင့် ကျိုးမော့ဆီသို့ တိုက်ရိုက်လက်ညိုးညွှန်ပြရင်း " ကျိုးမော့ကလည်း ဘီတာတစ်ယောက်ပဲ။ သူ့ကို ငါ့ကာကွယ်ခိုင်းလိုက် " ဟူ၍ ပြောလာခဲ့သည်။

ထို့ကြောင့် ကျိုးမော့မှာ ပရော်ဖက်ဆာစုန့်ကိုကာကွယ်ရန် တာဝန်ယူလိုက်ရပြီး သူတို့နှစ်ဦးကိုကာကွယ်ရန်အတွက်က အယ်လ်ဖာတစ်စုမှာ ပတ်လည်ဝန်းရံထားရလေသည်။ တစ်ခါတစ်ရံ အန္တရာယ်အခြေအနေကျရောက်ချိန်၌ ကျိုးမော့ကလည်း တိုက်ခိုက်လိမ့်မည်ပင်။

ကမ္ဘာကြီး၏ အဆုံးသတ် / ကမ္ဘာကြီး၏ အဆုံးသတ် ABOWhere stories live. Discover now