Zawgyi
|| အဆုံးထိချစ်သွားမှာ ||
နေပူလယ်ခေါင်အောက်တွင် လူသူမရှိသော လမ်းမထက်၌ ကားတစ်စီးက အမြင့်ဆုံးအရှိန်ဖြင့် မောင်းနှင်လျက်ရှိသည်။ အရှေ့တူရူသို့ 100 မိုင်နှုန်းဖြင့် အပြင်းမောင်းနှင်လျက်။ ၎င်းဖြတ်သွားသောအခါ ဖုန်မှုန့်များက အလိပ်လိုက်ကျန်ရစ်ခဲ့သည်။ အသံကြားချိန်တွင် ဇွန်ဘီအများအပြားက လမ်းမထက်စုဝေးလာကြသော်လည်း သူတို့ရောက်လာချိန်တွင် ကားက ပျောက်ကွယ်သွားခဲ့လေပြီ။
ကားထဲရှိ နေကာမျက်မှန်တပ်ထားပြီး စတီယာတိုင်ဘီးကို လက်တစ်ဖက်ဖြင့်ထိန်းကိုင်ထားသူမှာ အခြေစိုက်စခန်းမှထွက်လာတာ သုံးရက်ရှိပြီဖြစ်တဲ့ ကျိုးမော့ဖြစ်ပေသည်။ ပူပြင်းသည့်နေရောင်က မှန်အပြင်ထွက်နေသည့် ကျိုးမော့မျက်နှာနှင့် လက်မောင်းဘေးဘက်ကို နေရောင်ကျချက်ရှိသည်။ နေကာမျက်မှန်နောက်ရှိ မျက်လုံးများထဲမှခံစားချက်က ရှင်းရှင်းလင်းလင်းမမြင်နိုင်သော်ငြား တင်းတင်းစေ့ထားသည့် ဖြူဖျော့ဖျော့နှုတ်ခမ်းများက ထိုအမျိုးသား၏အခြေအနေမှာ သိပ်ကောင်းမနေကြောင်း ဖော်ပြနေသည်။
ရုန်ယန်ထံတွင် အဖွင့်ခံလိုက်ရပြီးနောက်၌ သုံးရက်သုံးညလုံးလုံး အလုပ်လုပ်ခဲ့ရသည်။ အိုမီဂါတစ်ဦးရဲ့ heat က အနည်းဆုံးသုံးရက်ကြာမြင့်ကြောင်း သူကြားဖူးသော်လည်း အယ်လ်ဖာတစ်ဦးက အိုမီဂါတစ်ဦးကြောင့် သက်ရောက်ခံလိုက်ရပြီး ထိုအယ်လ်ဖာပါ အနည်းဆုံးသုံးရက် heat ဝင်သွားမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ရုန်ယန်ရဲ့ အထူးတာဝန်ကြောင့်သာ မဟုတ်လျှင် ရုန်ယန်က ဆက်လုပ်ဦးလောက်မည်ဟု သူထင်သည်။
၎င်းကို စဉ်းစားမိလိုက်ချိန်တွင် ကျိုးမော့၏လက်က သူ့ဝမ်းဗိုက်ကို ထိလိုက်မိသည်။ ယခင်က ပြားချပ်ပြီး ကြွက်သားများရှိသော သူ၏ သန်မာသည့်ဝမ်းဗိုက်က ယခုတော့ အလွန်အကျူးစားသောက်မိထားသကဲ့သို့ အလွန်သိသာသည့် အဝေ့အဝိုက်သဏ္ဍာန် ဖောင်းကားနေပေသည်။ ဝမ်းဗိုက်က ဆက်လက်နာကျင်ဆဲဖြစ်သော်လည်း လွန်ခဲ့သည့်ရက်ပိုင်းကထက်တော့ ပိုကောင်းသွားပြီဖြစ်သည်။
YOU ARE READING
ကမ္ဘာကြီး၏ အဆုံးသတ် / ကမ္ဘာကြီး၏ အဆုံးသတ် ABO
ФэнтезиI'm not own this! ! It's just translation! ! - - - - - - - - - - Title : End Of The World ( AOB ) Type : Web Novel ( CN ) Genre : Adult, Mature, Smut, Yaoi Language : Chinese Author(s) : Wúsuǒwèi | 无所谓 Year : 2017 Status in COO : 4 chapters ( comple...
