3.8

2.1K 236 15
                                        

Zawgyi

လွန်ခဲ့သည့်ဆယ်ရက်က အယ်လ်ဖာများအတွက် အခက်ခဲဆုံးဆယ်ရက်ဖြစ်ခဲ့သည်။ ကံအားလျော်စွာဖြင့် တစ်ယောက်မှ မတော်တဆမဖြစ်ခဲ့။ တစ်နည်းဆိုရလျှင် သူတို့က ပရော်ဖက်ဆာစုန့်ကိုသာ တိုက်ရိုက်သတ်ချင်ကြပေလိမ့်မည်။

ပရော်ဖက်ဆာစုန့်၊ ကျိုးမော့၊ ရုန်ယန်နှင့် အယ်လ်ဖာတစ်ယောက်က ကားမောင်းကြသည်။ ခရီးအလယ်တွင် နေရာများပြောင်းလိုက်ကြပြီး ရုန်ယန်နှင့် အယ်လ်ဖာက ရှေ့တွင်ထိုင်နေကာ ကျိုးမော့နှင့် ပရော်ဖက်ဆာစုန့်က နောက်ခန်း၌ထိုင်ကြသည်။

ရှေ့ခန်းနှင့်နောက်ခန်း၌ ပိုင်းခြားထားသည်များရှိပြီး အသံလုံစနစ်ကလည်း ကောင်းလှသည်။ နှစ်ဖက်လုံးတွင် ပိုင်းခြားထားသည့် ဖောက်ထွင်းမြင်နိုင်သောမှန်ပြတင်းပေါက်ရှိတာကြောင့် ပြတင်းပေါက်ကိုမဖွင့်လျှင် တစ်ယောက်၏အသံကို ကြားနိုင်ရန်ပင်ခက်ခဲသည်။

ကားအနောက်ဖက်က ကျည်ဆန်၊ အမြောက်ဆန်၊ လက်ပစ်ဗုံးအနည်းငယ်နှင့် ပစ္စည်းကိရိယာအများအပြားကို ထားရှိသည်။

ကျိုးမော့မျက်လုံးများက ပစ္စည်းများကိုစိုက်ကြည့်နေလျက်။

ရုတ်တရက် တစ်စုံတစ်ယောက်က သူ့​ဖိနပ်များကိုလာကန်လေသည်။ ကျိုးမော့က ပရော်ဖက်ဆာစုန့်ကို မျက်နှာချင်းဆိုင်ရန် ခေါင်းလှည့်လိုက်၏။

ပရော်ဖက်ဆာစုန့်က ကျိုးမော့ကိုကြည့်ရင်း စတင်၍စကားပြောလာသည်။ " မင်း ငါ့ကိုမေးစရာမရှိဘူးလား " ဤမေးခွန်းကို သူ့ခေါင်းထဲတွင် တွေးနေသည်မှာ ရက်ပေါင်းများစွာရှိလေပြီ၊ သို့ရာတွင် ကျိုး​မော့ဖက်က မေးလာမည်ကို ထပ်မစောင့်နိုင်တော့သောကြောင့် နောက်ဆုံးတွင် သူပြောလိုက်တော့သည်။

ကျိုးမော့က သူ့ခေါင်းကိုခါယမ်းလိုက်၏။

ပရော်ဖက်ဆာစုန့်က အသက်ကိုပြင်းပြင်းရှူသွင်းလိုက်သည်။ သူက မျက်လုံးလှိမ့်လိုက်ရင်း သူ့ထိုင်ခုံမှနေယိုင်ကျလာကာ ကျိုးမော့ကို ထပ်မေးပြန်၏။ " တကယ်လား၊ တကယ် ဘာမေးစရာမှမရှိတာလား "

ကျိုးမော့က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ကမ္ဘာကြီး၏ အဆုံးသတ် / ကမ္ဘာကြီး၏ အဆုံးသတ် ABOWhere stories live. Discover now