Ep_3 ' ဘဲကြီးဆီအလုပ်သွားလျှောက်ခြင်း'

433 39 0
                                        

ဒုတိယမြောက်နေ့ ။ အဲ... မဟုတ်သေးဘူးဗျ ။ ဒုတိယပတ် ။ သူတောင်းစားအဖြစ်ကနေရပ်နားလိုက်ရပြီး ဒုတိယအပတ်ကိုရောက်ရှိလာတဲ့အချိန်မှာတော့ ကျွန်တော့်ရှေ့ကိုအခွင့်အ​ရေးကြီးတစ်ခုက ဆိုက်ဆိုက်္မြိုက္မြိုက်ရောက်ရှိလာပါတော့တယ် ။

ကိုယ်လုံးပေါ်မှန်ရှေ့တွင် အကျအနရပ်လိုက်သည် ။ ဘယ်ချိန်မဆို ကိုယ်လုံးပေါ်မှန်ရှေ့ရပ်လိုက်တိုင်း စိတ်တိုင်းကျရတာကတော့ ကျွန်တော့်အရပ်ပါပဲ ။ တော်သေးသည် ။ ဘဲကြီးနဲ့လဲမတိမ်းမယိမ်းမို့ ။

နက်ကတိုင်ကိုသေချာပြင်တပ်လိုက်ကာ အပေါ်ထည်ကိုထပ်ဝတ်လိုက်သည် ။ လိုအပ်တဲ့စာရွက်စာတမ်းတွေအပါအဝင်  လက်စွဲအိတ်အနက်ထဲကို တက်ရောက်သင်ကြားခဲ့တဲ့ သင်တန်းပေါင်းများစွာရဲ့ Sertificateအခိ်ု့ကိုလဲ သိမ်းကျုံးထည့်ရသေးသည် ။ အဟဲ!ထိုက်ခေါင်ရှိုင်းရဲ့ ဘဲကြီးအပေါ်ချစ်တဲ့အချစ်တွေလဲ ပါတာပေါ့ဗျာ ။

" ကျောင်းပြီးထားတာမကြာသေးဘူးပဲ "

" ဟုတ်ပါတယ်ခင်ဗျ "

" လျှောက်ထားတဲ့ Positionနဲ့ တက်ထားတဲ့သင်တန်းတွေကသိပ်တော့အဆင်​မပြေဘူးခင်ဗျ "

" ဗျာ!..... ဒါဆို ကျွန်တော်အလုပ်မရနိုင်တော့ဘူးလားဟင် "

မလုပ်ကြပါနဲ့ဗျာ ။ တစ်နေရာရာတော့ခန့်ကြပါဦး ။

" အကိုတို့ကအခု Accountantပိုင်းမှာပဲလူလိုတော့တာမလို့ပါ "

" ကျွန်တော့အဖြစ်ကဆိုးပါတယ်ဗျာ ဖေဖေနဲ့မေမေက ကျွန်တော်ကျောင်းပြီးထဲက ဆုံးသွားတာဗျ ။ကျွန်တော့်ကိုဘာပြီးရင် ဘာဆက်လုပ်ဆိုပြီးလဲ Trainပေးမယ့်လူ ..လမ်းပြပေးမယ့်လူမရှိတော့ မိဘတွေကျန်ခဲ့တဲ့ပိုက်ဆံလေးနဲ့ ဟိုသင်တန်းပြေးတက် ဒီသင်တန်းပြေးတက်လုပ်ခဲ့ရတာပါဗျာ "

အမှန်တော့ ဘာမှမလုပ်ပဲအားယားနေလို့ လုပ်ချင်မယ့်အလုပ်လေးရှိအောင် ပါးနဲ့မားကသင်တန်းတွေတက်ခိုင်းခဲ့တာရယ် ။ ရုတ်တရက်ကြီးဆုံးခိုင်းလိုက်ရတဲ့အတွက်လည်း တောင်းပန်ပါတယ် ။ လွန်တာရှိဝန္ဒာမိပါ ပါးနဲ့မားရေ ။

" လုပ်ငန်းအတွေ့ကြုံကလဲ ဘာမှမရှိတော့ ဘယ်အလုပ်ကမှမခန့်ကြဘူး ။ ကျွန်တော့်ကိုသန့်ရှင်းလေးပဲဖြစ်ဖြစ်ခန့်ပါဗျာ ...နော် "

That's my type!Donde viven las historias. Descúbrelo ahora