ရှေ့ကနေ မလှုပ်မယှက်နဲ့ကောင်လေးက သူ့ကိုမြင်ဖူးတယ်ဆိုတာ ဒီနားကကော်ဖီဆိုင်မှာဖြစ်ပါလိမ့်မယ်ဆိုပြီး ထစ်ထစ်ငေါ့ငေါ့နဲ့ပြန်ဖြေသည် ။ ရေးတေးတေးပေါ်လာတဲ့အာရုံထဲမှာ ဒီကောင်လေးက သူတောင်းစားပုံစံနဲ့ဟန်ဆောင်လာတဲ့ချာတိတ်ဆိုတာကို ရိပ်စားမိလာရသည် ။
ချာတိတ်အတွက် ဘယ်နေရာထားရမလဲဆိုတော့ မင်းထက်ကဧည့်ကြိုနေရာထားခိုင်းကာ ရုံးအဝင်ဝတွင်အလုပ်နေရာပေးလိုက်၏ ။ တမင်ကိုဒီနေရာပေးလိုက်တာပင် ။ ဆရာ့နားကို ဒီကောင်တမင်ချည်းကပ်ပြီး ဒုက္ခပေးဖို့ကြံစည်နေတာလို့ပဲ မင်းထက်ကယုံကြည်နေသည် ။
" တံခါးစောင့်ပေါ့ "
" ဗျာ!... "
မင်းထက်ရဲ့စကားအဆုံး ဗျာလို့ အာမေဋိတ်သံအကျယ်ကြီးထွက်လာကတည်းက ဒီချာတိတ် အတော်နောင်တရနေပုံရတယ် ။ မျက်နှာဟန်မပျက်အောင်လည်း မနည်းထိန်းထားပုံ ။ တစ်ကယ်ပါပဲ ချာတိတ်ရယ် ။
" နောက်ကျရင်တော့ တစ်ခြားနေရာ ကိုယ်ပြောင်းထားပေးပါ့မယ် "
" ဟုတ်ကဲ့ ရပါတယ်ဗျ "
အားတင်းထားတဲ့ ချာတိတ်ပုံက ရယ်ချင်စရာ ။ အလုပ်နေရာချပေးပြီး ရုံးခန်းပြန်လာတော့ ထိုင်ခုံပေါ်တောင်မရောက်သေး မင်းထက်က ဆောတကတက်သည် ။
" ဆရာက ဘာလို့ သူ့ကို အလုပ်ပေးခန့်လိုက်ရတာလဲ ။ သူက ဟိုတစ်နေ့က သူတောင်းစားပုံစံဟန်ဆောင်ထားတဲ့ကောင်လေးဆိုတာကို ဆရာသတိမထားမိတာတော့ မဟုတ်ဘူးမလား "
" ကိုယ်ရိပ်မိပါတယ် "
" ဒါဆို ဘာလို့... "
" ရန်သူကိုအနားမှာခေါ်ထားတဲ့သဘောပါပဲ မင်းထက် ။ အနားမှာရှိနေမှ သူဘာသဘောနဲ့ကိုယ်တို့ဆီချည်းကပ်တယ်ဆိုတာ သိရမှာပေါ့ "
" ဒါပေမယ့် ဆရာသတိတော့ထားသင့်တယ်ထင်တယ် ။ အခုဆိုကျွန်တော်တို့ကုမ္ပဏီကို တစ်ခြား ကားကုမ္ပဏီတွေက ပစ်မှတ်ထားလာနေပြီ "
မင်းထက်ပြောတာကို ခေါင်းငြိမ့်ရုံသာအဖြေပေးလိုက်သည် ။ အရင်ကတွေးထားသလိုပဲ ။ ချာတိတ်က ဘယ်လောက်ထိအန္တရာယ်များပေးနိုင်မှာလဲ ။
ESTÁS LEYENDO
That's my type!
Romanceဒီဘဲကငါ့အကြိုက်ကွ! ငါ့typeပဲ! ငါကတော့ရအောင်လိုက္မှာ ! ဒီဘဲက ဘာပြောတယ်မှတ်လဲ ? ယောကျ္ားချင်းကြိုက်တာ ရှက်စရာတဲ့! ငါဘာပြန်ပြောလိုက်လဲသိလား? ယောကျ္ားချင်းမကြိုက်တာကမှ ရှက်စရာလို့ !