Tempo
Car Sales& Servicesဘဲကြီး ဦးဂုဏ်ဓနခေါင်ခိုက်ရဲ့ ကုမ္ပဏီအရှေ့မျက်နှာစာ ခြုံဘေးလေးမှာ
ခွက်တစ်လုံးနဲ့ကောင်လေးတစ်ယောက်တွေ့ခဲ့ရင် အဲ့တာကျွန်တော်ထိုက်ခေါင်ရှိုင်းပါပဲ ။
ဟုတ်ပါတယ် ။ ခင်ဗျားတို့ထင်တဲ့တိုင်း သူတောင်းစားလေးလုပ်နေရတာပါ ။ မတတ်နိုင်ဘူးလေ လူကိုတွေ့ချင်လှပြီဆိုတော့ မရှိရှိတဲ့အကြံတိုင်းစလှုပ်ရှားလိုက်ရတော့တာပဲ ။သူတောင်းစားနဲ့တူအောင်လို့ အကျင်္ီအစုတ်လေးကိုတောင် ကျော်ကြီးတို့အိမ်ကငှားလာရသေးတယ် ။ သူ့ဟာသိပ်မစုတ်လို့ စုတ်အောင်ထပ်ဖြဲရသေး ။ တစ်မျက်နှာလုံးအိုးမဲတွေသုတ်ပြီး လှပတဲ့ကျွန်တော့်ဆံပင်လေးတွေတောင် ရှုပ်ပွအောင်ဖြဲချထားရသေးသည် ။ ဘဝ... ဘဝ ။ လေးလပိုင်း နွေလည်ခေါင်ခေါင်မှာ တောင်းစားနေရတဲ့ သနားစရာသူတောင်းစားလေးကျွန်တော်ပါပဲ ။ အနည်းဆုံးတော့ တစ်မနက်ထဲတင် 3000ရပြီ ။ အဟဲ ... ဒီအလုပ်ကဆိုးတော့မဆိုးဘူးဗျ ။
ခနအကြာပဲ Companyအရှေ့ကို ကားအဖြူရောင်တစ်စီးထိုးစိုက်လာသည် ။ ကားမောင်းလာတဲ့သူကလျှင်လျှင်မြန်မြန်ပဲ တစ်ဖက်ခြမ်းကတံခါးကိုသွားဖွင့်ပေးနေသည် ။
Bingo!...
မျက်ခုံးထူထူ နှုတ်ခမ်းပါးပါးတွေ ။ ဘဲကြီးမှ ဘဲကြီးအစစ်ပဲ ။
ဘဲကြီးကချောလိုက်တာ ငါ့လူတို့ရာ ။ ဟိုကိုရီးယားကားထဲက ပုဆိုးခြုံဆိုလား ဘာဆိုလား အဲ့မင်းသားကေနဲ့ကွ ။ မိုးထိုးနေတဲ့အရပ်နဲ့ Suitနဲ့ကွက်တိကျနေရောပဲ ။ ဘဲကြီးလည်ပင်းမှာချည်ထားတဲ့ နက်ကတိုင်လေးပဲဖြစ်လိုက်ချင်ေတာ့တယ် ။
အား!!!! ........ဒီဘဲဘာတွေစားပြီးကြီးလာတာလဲမသိဘူး ။' ခွမ်.... ကလွမ်.... ကလွမ်.... ချွမ် '
ဟ!.... ဟ!.... လုပ်ကြဥ္ီး ။ အော်လိုက်တာ အားပါပြီး လက်ထဲကခွက်ကိုကိုင်ပေါက်လိုက္မိပြီ ။
ကျစ်!!...
" တော်တော်ဒုက္ခပေးတဲ့ဘဲ "
ငါနော် ။ ရှင်ချင်တယ် ။ ဒီခွက်ကလဲ ဘယ်ထိလှိမ့်နေတော့မှာလဲ ။
" ဘဲ?... ဒီနားမှာဘဲလဲမတွေ့မိပါဘူး "
ဘေးနားလာကပ်ရပ်တဲ့ ခြေအစုံ ။
အသံဩရှရှ ။
ခေါင်းကိုအနည်းငယ်မော့့ကြည့်မိတော့ Rolexအနက်ပတ်ထားတဲ့ အကြောစိမ်းတွေနဲ့လက်တစ်စုံ ။
VOUS LISEZ
That's my type!
Roman d'amourဒီဘဲကငါ့အကြိုက်ကွ! ငါ့typeပဲ! ငါကတော့ရအောင်လိုက္မှာ ! ဒီဘဲက ဘာပြောတယ်မှတ်လဲ ? ယောကျ္ားချင်းကြိုက်တာ ရှက်စရာတဲ့! ငါဘာပြန်ပြောလိုက်လဲသိလား? ယောကျ္ားချင်းမကြိုက်တာကမှ ရှက်စရာလို့ !