အမှန်တော့လေ ကျွန်တော်က အီးပီအိတ်ချ် ဘဲကြီးနဲ့အိပ်ဆိုပြီးလုပ်ပစ်ချင်တာ ။ ဘဲကြီးနဲ့ကအိပ်တဲ့နေရာထိမရောက်နိုင်သေးတော့ ဒိတ်လောက်နဲ့ပဲကျေနပ်ရတော့တာပေါ့ ။
ဆံပင်ကို အပြီရှိွုင်းပြီး နာရီဝက်လောက်ကြာအပြီးမှာတော့ ဝတ်ရမယ့်အကျင်္ီရွေးလို့ပီးတာပဲ ။ ဟဲဟဲ firstဒိတ်လေဗျာ firstဒိတ် ။ အညိုရောင်T_shirtတစ်ထည်ကိုကောက်စွပ်ပြီး ဂျင်းအနက်ရောင်လေးနဲ့တွဲဝတ်လိုက်တယ် ။ ဝိုး... တယ်ချောတဲ့ငါပါလား ။
ခက်ခက်က သူ့သားတွေသူတို့ဘဲကြီးနဲ့တွေ့ရင် လိမ်းပေးနေကျ ပါးပါးကြည်ကြည်မိတ်ကပ်lookလေး onပေးလိုက္မယ်ဆိုလို့ သူလိမ်းပေးတဲ့ပါးပါးကြည်ကြည်မိတ်ကပ်လိမ်းခံခဲ့ရသေး ။ ပါးပြီးကြည်မကြည်တော့ မသိဘူး သူonပေးလိုက်တဲ့မိတ်စကပ်ကြောင့် မျက်နှာက Glowနေရော ။
ဟိဟိ! ဘဲကြီးကိုကော်ဖီဆိုင်မှာထိုင်စောင့်ရတဲ့ ဖီလင်လေးက ဘယ်လိုပြောရမလဲ ။ ရင်တွေတလှပ်လှပ်နဲ့ပေါ့ဗျာ ။ ရင်ဘက်ထဲပါးရွက်စိတ်တွေ တကျိွကျိွနဲ့ကိုက်နေသလိုမျိုး ။
ကျွန်တော်ပုံစံက ဘလိုင်းဒိတ်မှာတစ်ဖက်ကကောင်လေးကို ရင်တခုန်ခုန်နဲ့ထိုင်စောင့်နေတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက်ပုံတောင်သွားတူနေသေးတယ် ။အမှန်တော့ မနက်ကကျွန်တော်ရုံးကိုအစောကြီးရောက်နှင့်နေတာ ။ ဘဲကြီးရောက်လာရင် မနက်စာမုန့်သွားစားရအောင်ဆိုပြီး ကော်ဖီဆိုင်လေးကို တူတူလာမယ်ပေါ့ ။ ဘဲကြီးနဲ့ကားတူတူစီးပြီး ဘဲကြီးကိုမသိမသာခိုးရှိုးမယ် ။ မုန့်တစ်ထုပ်လောက်ဖောက်စားရင်း ကားမောင်းနေလို့မအားတဲ့ဘဲကြီးကို မုန့်ခွံ့ကျွေးမယ်ပေါ့ ။ မုန့်ထုပ်တောင်အိမ်ကသယ်လာသေးတာ ။
အခုတော့အဖြစ်က အလုပ်တွေအများကြီးမို့ဆိုပြီးသူအလုပ်လုပ်တာကို တစ်နေကုန်ထိုင်စောင့်နေရတဲ့အဖြစ် ။ မြန်မြန်အလုပ်ပြီးအောင်ဆိုပြီး ဝင်ကူမယ်ဆိုတော့လည်း ရှိုင်းကနေမကောင်းဘူးမလား မုန့်ကျွေးဖို့ကိညယ်ခေါ်ထားတာကို ။ အလုပ်မလုပ်ပါနဲ့ ကိုယ်ပဲလုပ်လိုက်ပါ့မယ်ဆိုပြီး သူ့စားပွဲနားလဲအကပ်မခံ ။
VOUS LISEZ
That's my type!
Roman d'amourဒီဘဲကငါ့အကြိုက်ကွ! ငါ့typeပဲ! ငါကတော့ရအောင်လိုက္မှာ ! ဒီဘဲက ဘာပြောတယ်မှတ်လဲ ? ယောကျ္ားချင်းကြိုက်တာ ရှက်စရာတဲ့! ငါဘာပြန်ပြောလိုက်လဲသိလား? ယောကျ္ားချင်းမကြိုက်တာကမှ ရှက်စရာလို့ !