" တံခါးစောင့်လေး... အပေါက္မှာသွားရပ်နေလေ ။ ဘာထိုင်လုပ်နေတာလဲ "
ဒီအရက်သမားကတော့ ဘေးနားရှိတဲ့ဂိမ်းစက်နဲ့ကောက်ပေါက်ရင်လဲ ကိုယ့်စက်ပဲနာဦးမယ် ။ ဘဲကြီးဆီ တံခါးစောင့်သွားလုပ်ပြီးကတည်းက ဒင်းတို့ကလူကို တံခါးစောင့် တံခါးစောင့်နဲ့ ။
" သွားမစပါနဲ့ကွာ ဟိုမှာငိုင်နေရတဲ့ကြားထဲ "
" မင်းကသင်္ကြန်နားနီးမှ အလုပ်သွားဝင်တာကိုး ။ အဲ့တော့ပိတ်ရက်နဲ့တန်းတိုးတာပေါ့ "
" အေးကွာ!... တောက်!... ဘဲကြီးမျက်နှာလေးမြင်ချင်လို့အလုပ်ဝင်ပါတယ်ဆိုကာမှပဲ ပိတ်ရက်နဲ့တောင်လာတိုးနေရတယ်လို့ "
" ပိတ်ရက်အတွင်း နင့်ဘဲကြီးသွားတက်တဲ့နေရာတွေဆီလိုက်ပေါ့ဟဲ့ "
" အဲ့တာတော့ နင်ပြောမှလား ခက်ရာ ငါသိတာပေါ့ "
" ဒါဆိုလဲ လိုက်လေ "
" အေး... ဘယ်ကိုလိုက်ရမှန်းမသိလို့ပေါ့ဟာ "
စိတ်လေတယ် ။ ဘဲကြီးခန္တာကိုယ်ထဲကို နိုင်ငံခြားကားတွေထဲကလို ခြေရာခံလိုက်လို့ရမယ့်စတစ်ပြားသာထိုးထည့်ပေးထားလိုက်ချင်တော့တယ် ။
" ကောင်းစံ ... မင်းထပ်ပြီးစုံစမ်းပေးလို့မရတော့ဘူးလား "
" မရတော့ဘူးလေ ရှေ့ကသိတဲ့မင်းဘဲကြီးအကြောင်းတောင်မှ မနည်းရှာထားရတာ "
ဟူး~~~~
" ဒဿ!... "
" .... "
" ဒဿ!.... ဒဿအေးဘေးရေ ... မင်းသောက်ဖုန်းကြီးကိုချထားပြီး ဒီကမင်းအဖေပြောတာလေးကိုလဲစောက်ဖက်လုပ်ဦး "
" ဟမ်!... အေးအေး ပြော ဘာလဲ "
အခုမှပြူးတူးပြဲတဲနဲ့ ။ သင်္ကြန်ရှေ့သုံးရက်လုံး သူ့ဟာလေးနဲ့ပျော်မြူးပြီးတာတောင် မဝသေးဘူးလားမသိဘူး ။
" မင်းဟာကမလွန်လွန်းဘူးလား နက်ဖြန်အတက်နေ့တွက် ထပ်ချိန်းနေတာလား "
" အေး.. ဟုတ်တယ် "
" ရှေ့သုံးရက်လုံးလည်ထားတာ မဝသေးဘူးလား "
" ရှေ့နှစ်ရက်ပါကွာ... ဒီနေ့အကြတ်နေ့က မင်းတို့နဲ့သွားရတာလေ အသေးလေးနဲ့နက်ဖြန်တွေ့မှရမှာပေါ့ "
![](https://img.wattpad.com/cover/337690782-288-k909980.jpg)
KAMU SEDANG MEMBACA
That's my type!
Romansaဒီဘဲကငါ့အကြိုက်ကွ! ငါ့typeပဲ! ငါကတော့ရအောင်လိုက္မှာ ! ဒီဘဲက ဘာပြောတယ်မှတ်လဲ ? ယောကျ္ားချင်းကြိုက်တာ ရှက်စရာတဲ့! ငါဘာပြန်ပြောလိုက်လဲသိလား? ယောကျ္ားချင်းမကြိုက်တာကမှ ရှက်စရာလို့ !