ဒီကနေ့တော့ ဘဲကြီးနဲ့လန်းမယ့်အစီစဥ္လေးတွေ ကျွန်တော် ပလန်ချထားလိုက်တယ် ။
မနေ့ကဘဲကြီးအိမ်မှာစာရင်းလုပ်ကူရင်း သံပုရာရည်လေးသောက်လိုက် ၊ စာရင်းစစ်လိုက်နဲ့အလုပ်ဝင်ကူရင်းတစ်နေကုန်သွားသည် ။ ညရောက်တော့လဲ ညဥ့္နက်သွားတာမို့ ဘဲကြီးအိမ်မှာပဲအိပ်လိုက်ရတော့တာပဲ ။ ခင်ဗျားတို့ကျွန်တော်တို့တွေးသလို ဘဲကြီးအိမ်မှာ ဘဲကြီးနဲ့ ဘာဘာဘာလဲ ဘာချိန်မရလိုက်ပါဘူး ။ ထိုက်ခေါင်ရှိုင်းလေး ဆိုးဆက် ။
အဖြစ်ကဒီလို သံပုရာရည်ကို ဘဲကြီးကတစ်ခွက်လောက်သာသောက်တယ် ။ ကျွန်တော်ကသာ စကားများလိုက်သောက်လိုက်လုပ်ရင်း ကျန်တာတွေအကုန်သောက်ပလိုက်တာ ။ အဲ့တော့ညလဲရောက်ရော ဗိုက်ကအရည်တွေကြည့်ပြည့်နေရော ။ ဒါနဲ့ ပီဇာဆိုင်ဖုန်းဆက်ပြီး ပီဇာမှာ .. ကြက်ကြော်ထပ်မှာနဲ့ နင်းကန်မျိုစို့ပြီးအိပ်ပျော်သွားတာ ။ ကုတင်ပေါ်လဲ ဘယ်လိုရောက်လာမှန်းကိုမသိဘူး ။ ဘဲကြီးချီပြီးပို့တယ်တော့ထင်တာပဲ ဝွန်း...ဟုတ်ဟုတ် မဟုတ်ဟုတ်ထင်မှာပဲ ။
ထင်ပဲထင်တာပါလေ ဘဲကြီးကတွဲပြီးပို့တာလဲဖြစ်ရင်ဖြစ်မှာပေါ့ ။ ဒါပေမယ့်ကိစ္စမရှိပါဘူး အဓိကက ဘဲကြီးပို့ပေးတာဆိုပြီးရော ။
" ဘယ်ကိုပို့ပေးတာလဲ ကွေ့ကြီးကိုလား "
" ကွေ့ကြီးကို မင်းကိုပို့မှာ ငုံးမဒဿ "
" မသိဘူးလေ မင်းပဲဘဲကြီးပို့ပေးရင်ပြီးရောဆိုတော့ "
" ကုတင်ပေါ်ကိုပြောတာ ကုတင်ပေါ် "
" ေဩာ် .. "
" တော်ပြီ တော်ပြီ Vcပိတ်လိုက်တော့မယ် ဒီနေ့လဲမင်းတို့နဲ့အပြင်မလိုက်နိုင်ဘူး ဘဲကြီးအိ်မ်မှာအလုပ်ရှုပ်နေတယ် "
တီ.
ဟိုကောင်တွေကို သတင်းအစီအရင်ခံစာပြန်ကြားအပြီးမှာတော့ ဘဲကြီးနဲ့လန်းမယ့်ကိစ္စကို အကောင်ထည်ဖော်ရသည် ။ တစ်ခြားတော့မဟုတ်ပါဘူး ဘဲကြီးကိုဒီနေ့ကော်ဖီဖျော်နည်းသင်ပေးမလို့ ။ ဟဲဟဲ .. ။ ကော်ဖီဖျော်ရင်းနဲ့ ချစ်ကြည်နူး တစ်တီတူးမှာလေ ။
ဘဲကြီးရဲ့ အလုပ်ကအသိမိတ်ဆွေတစ်ချို့ ဒီနေ့အိမ်မှာချိန်းထားလိုက်တာ.. ဘဲကြီးရဲ့လုပ်ငန်းထဲဝင်တဲ့သက်တမ်း 10နှစ်ပြည့်လေ ။ ဒီလိုဆိုတော့ ကျော့်ဘဲကြီးက အခုအသက် 32မှာ လုပ်ငန်းခွင်ကျင်လည်နေတဲ့သက်တမ်းက 10နှစ်ဆိုတော့ ...
ŞİMDİ OKUDUĞUN
That's my type!
Romantizmဒီဘဲကငါ့အကြိုက်ကွ! ငါ့typeပဲ! ငါကတော့ရအောင်လိုက္မှာ ! ဒီဘဲက ဘာပြောတယ်မှတ်လဲ ? ယောကျ္ားချင်းကြိုက်တာ ရှက်စရာတဲ့! ငါဘာပြန်ပြောလိုက်လဲသိလား? ယောကျ္ားချင်းမကြိုက်တာကမှ ရှက်စရာလို့ !