Ep_13 ' ချာတိတ်နှင့် ပတ်သက်၍ '

284 33 2
                                    

" ဆရာ... အဲ့တာဆို...ကျွန်တော့်ကို..ခွင့်ပြုပါဦး "

" ကောင်းပါပြီ "

မင်းထက်ရဲ့ကျေးဇူးရှင်လေးက ဆိုင်ကယ်နဲ့ကားကိုဝင်ကြုံးလိုက်တယ်ဆိုတော့ ကိုယ့်မှာရယ်ရခက်ငိုရခက် ။ သတင်းလေးသွားမေးမလို့ဆိုပြီးခွင့်တောင်းသွားတဲ့မင်းထက်က အခုတော့ တစ်လလောက်ထိပါခွင့်တောင်းလာပြန်သည် ။

ကျောက်ပတ်တီးဖြေဖို့က အဲ့လောက္ကြာတတ်တာမဟုတ်ပေမယ့် ချစ်ရသူအနားပြုစုပေးချင်နေတဲ့စိတ်ကိုခန့်မှန်းမိတာမို့ ခွင့်ပြုပေးလိုက်သည် ။

ကားAccidentဆိုမှ ချာတိတ်သူငယ်ချင်းတစ်ယောက်လဲ အဲ့နေ့က Accidentကြောင့် ခြေထောက်ကျိုးသွားတယ်ပြောတယ် ။ ချာတိတ်ကိုလဲ သတိထားခိုင်းရဦးမယ် ။ ဒီကလေးက အမြဲနမော်နမဲ့ရယ် ။

ချာတိတ်အကြောင်းတွေးမိတော့ အမှုမဲ့အမှတ်မဲ့ပြုံးမိရသည် ။ ချာတိတ်က ညာဏ်များသည် ညာဏ်လဲကောင်းသည် ။ သို့သော်ချာသည် ။ ဘယ်လမ်းကြောင်းကနေ ဘယ်လိုကိုယ့်နောက်လိုက်ရမလဲဆိုပြီး အကြံကောင်းတွေထွက်တက်ပေမယ့် နေပုံထိုင်ပုံကတော့ ဘယ်တော့မှမပိရိ ။

အခုလဲကြည့် ဆင်းရဲသားလူရိုးလေးက နာမည်ကြီးအမှတ်တံဆိပ်ရ​ဲ့ sneakerကိုစီးထားသည် ။ ဦးထုပ်ကလဲ အဲ့ဒီ့ဘရန်းကပင် ။
ကိုယ့်ကိုဘာမှမသိတဲ့ အဖိုးကြီးလို့ထင်ပြီး ဒီလိုအသေးစိတ်ကိုမပြင်ဆင်လာတာလားမပြောတတ် ။

အိတ်ဆောင်လွယ်အိတ်ကိုတော့ အစုတ်လေးသယ်လာသည် ။ သူကဆင်းရဲသားလေးပါပေါ့ ။

" သူဌေးက မင်္ဂလာဆောင်သွားမှာ! "

" အင်းလေ "

ရုံးတံခါးအဝင်ဝကြီးမှာ ရပ်နေတဲ့ကိုယ့်ကို ချာတိတ်ကခေါင်းစခြေဆုံးကြည့်ပြီး တအံ့တဩနှင့် ။

ကိုယ့်မျက်နှာကိုကြည့်လိုက် ။ ဝတ်ထားတဲ့အဝတ်အစားတွေကို အပေါ်အောက်ပြန်ကြည့်လိုက်နဲ့ ချာတိတ်က မျက္မှောင်ကြီးလဲကျုံ့ထားသေးသည် ။ လူကို စိတ်ထဲကနေ ဝေဖန်လေကန်နေပြီထင်တယ် ဒီချာတိတ်တော့ ။

" ဒါနဲ့လေ သူဌေး Outfitက သိပ်မဟုတ်သေးသလိုပဲနော် "

" ဟင်! ဘာကို "

That's my type!Donde viven las historias. Descúbrelo ahora