Ep_14 ' ချာတိတ်အကြိုက်လိုက်ရခြင်း '

357 33 8
                                    

ရုံးခန်းထဲဝင်လာတဲ့ ချာတိတ်ရုပ်လေးကဆူပုတ်ပုတ် ။ အရင်ကဆို လူကိုပြူးပြဲပြီး ပေါ်တင်ရော ခိုးပြီးရောကြည့်တတ်တဲ့ချာတိတ်က ဒီနေ့တော့ မျက်နှာလွှဲနေသည် ။

" ရှိုင်းက ကိုယ့်ကိုစိတ်ကောက်နေတာလား "

လို့မေးတော့လဲ

" ဘာလို့ကောက်ရမှာလဲ "

ဆိုကာ စိတ်မရှည်စွာနဲ့ပြန်ဖြေလေသည် ။

ရေသန့်ဗူးမှာတော့လည်း သူမှာလို့ရတာကိုမမှာခိုင်းရကောင်းလားဆိုပြီးတော့လည်း စိတ်ကောက်ပြန်သေး၏ ။

ရှိုင်းအသက်က 21ဆိုတော့ သူ့ကိုချာတိတ်လို့ ကိုယ့်ဘာသာစိတ်ထဲကခေါ်နေမိတာ ကိုယ်ပိုရာများကျနေလားလို့ ထင်ခဲ့မိသေးတာ ။ စဥ္းစားကြည့်လေ ချာတိတ်ဆိုတဲ့ အခေါ်အဝေါ်မျိုးက အသက်15,16လေးတွေကိုခေါ်တာမလား ။ ကိုယ်က21အရွယ် အသက်ပြည့်ပြီးလို့ လွန်တောင်နေတဲ့ကောင်လေးကို ချာတိတ်လို့ခေါ်တာကျ ပိုလွန်းသွားတယ်ထင်နေခဲ့တာ ။

အခုတော့ ကိုယ်မှန်မှန်းသိလိုက်ပြီ ။ ချာတိတ်က 15,16ထက်တောင် ငယ်နေသေးကာ ပိုဂျီကျတက် ၊ ပိုစိတ်ကောက်တတ်သေး၏ ။ စိတ်ကောက်နေတဲ့ကောင်လေးကို ကော်ဖီဖျော်ခိုင်းရတာလဲ သိပ်တော့မလွယ် ။ ချော့ပြီးတော့ ဖျော်ခိုင်းရပြန်သေး ။

တစ်နေ့တစ်မျိုးမရိုးရတဲ့ချာတိတ်ဟာ  အနားမှာရစ်သီရစ်သီလာလုပ်တတ်ပြန်သေးသည် ။ ဒီရက်ပိုင်းအတွင်း အပေါက်စောင့်တဲ့အလုပ်ကိုမေ့နေသလားထင်ရအောင် ရုံးအပေါ်တက်လာလိုက် အောက်ဆင်းလိုက်နဲ့ အလုပ်ရှုပ်နေတတ်၏ ။

" ရှိုင်း... "

နောက်ဆုံးတော့ ပြတင်းပေါက်ချပ်အပြားလေးကနေ ကိုယ့်ကိုမသိမသာချောင်းကာ ရေကိုဟန်ဆောင်သောက်နေတဲ့ ချာတိတ်ကိုလှမ်းခေါ်လိုက်သည် ။

ရိုရိုကျိုးကျိုးဝင်လာတဲ့ချာတိတ်ရဲ့ မျက်နှာလေးကတော့ထောင့်မကျိုးပါ ။ သွားကို ၃၂ချောင်းလုံးပေါ်အောင်ပြုံးကာ မျက်နှာချိုသွေးနေ၏ ။

" ဗျာ! သူဌေး.. "

" ကိုယ်မင်းကိုခေါ်တယ်ဆိုတဲ့ အကြောင်းကတော့... "

That's my type!Donde viven las historias. Descúbrelo ahora