Ep_9 ' ဘဲကြီးအိမ်ကိုသွား '

319 39 2
                                    

" မင်းဘဲကြီးက ရုံးမှာဆို မင်းကို ကော်ဖီဖျော်ခိုင်းတာဆို "

" ဘယ်သူပြောလဲ "

" ဒဿပြောတာ "

ကျော်ကြီးက အိမ်ရှေ့အုတ်ခုံပေါ်​ခြေချိတ်ထိုင်နေတဲ့ ဒဿကိုမေးငေါ့ပြောသည် ။ သူကတော့ အုတ်နီခဲတစ်တုံးကိုဖင်ခုထိုင်ကာ အချဥ္ပေါင်းသည် စောင့်နေလေရဲ့ ။ ဖင်ယားချင်နေတာလေ ဒီကောင် ။

" မင်းကွာ အလုပ်ဝင်လုပ်နေတယ်ဆိုတော်ရောပေါ့ ။ ကော်ဖီတွေဖျော်ခိုင်းလဲဖျော်... ကားဆီသွားဖြည့်ခိုင်းရင်လည်းဖြည့်နဲ့ .. မင်းဘဲကြီးခိုင်းသမျှအကုန်လုပ်နေတာလား "

" ဟ! ... ငါ့ကိုသေချာကြည့်... ခိုင်းတိုင်းလုပ်တဲ့ကောင်များထင်နေလား "

" မလုပ်ဘူးပေါ့ "

" မခိုင်းလဲလုပ်တယ် ဟဲဟဲ!... "

" ... "

" အဲ့ကောင်ကဆေးမမှီတော့ဘူး ငါ့ထက်ဆိုးနေပြီ "

" နေကလဲပူလိုက်တာကွာ ကြံရည်လေးသောက်ချင်လိုက်တာ "

" သောက်ချင်သွားဝယ်လေ ငါကတော့မသောက်ဘူး "

" ဘာလို့မသောက်တာလဲ ... သောက်စမ်းပါ မင်းအခုထဲကသောက်ထားတော့ မင်းဘဲကြီးထားသွားတဲ့အခါအဆင်ပြေတာပေါ့ "

" ဘာဆိုင်လို့လဲ ကြံရည်နဲ့ "

" ကျန်နေလည်း ရယ်နေနိုင်အောင်လို့လေ "

" ဖိဖိဖတ်ဖတ် လွဲပါစေ ပယ်ပါစေ ...
ငုံးကောင်ကျော်ကြီး မိုက်ရိုင်းလိုက်တာ "

" သွားမစပါနဲ့ကွာ ဘဲရူးရူးနေရတဲ့ကြားထဲ "

ဘ​ဲရူးဆိုလို့ ဘဲကြီးကိုတောင်လွမ်းလာပြီ တနင်္ဂနွေတွေကလည်း ရောက်ရောက်သွားတာမြန်ချက် ။ ရုံးနေ့တိုင်းဖွင့်နေရင်ကောင်းမှာပဲ ။ တစ်ခြားဝန်ထမ်းတွေအလုပ်မလုပ်လည်း ကျွန်တော်နဲ့ဘဲကြီးနဲ့လုပ် .. အလုပ်လုပ်တာပြောပါတယ် ။

" အသေးကောင်ကလဲမလာသေးဘူးလားကွာ ဒီမယ်ဘီယာသောက်ချင်နေပြီ "

" အေးလို့ .. ဒီမအေဘေးကလဲ ကားအသစ်စက်စက်ကြီးကိုပေးစီးရဲတယ်နော် "

" အချစ်လေးကစီးချင်တယ်ဆိုတော့လည်း ဒီကကိုကိုကပေးစီးရတာပေါ့ကွာ ဒါမှငါ့ကိုပြန်စီးပေးမှာကွ "

That's my type!Donde viven las historias. Descúbrelo ahora