တစ်နေ့တစ်ခြားပိုတိုးလာတဲ့အလုပ်တွေနဲ့ပိလာတဲ့ ဘဲကြီးက နောက်ဆုံးတော့ ကျွန်တော့်ကိုပဲ လက်ထောက်ခန့်ရတော့တာပါပဲ ။
တစ်ခြားအလုပ်သမားရှာလို့ရပေမယ့် လာလျှောက်တဲ့positionနဲ့မကိုက်အောင် ကျွန်တော်ကသွားနှောက်ထားတာလေ အဟဲ!
ကော်ဖီလေးဖျော်ပေးလိုက် ဘေးနားကနေရွဲ့တာလိုလိုစောင်းတာလိုလိုနဲ့ လက်ထောက္မခန့်ရခြင်းကိုနားပူနားဆာလုပ်ခဲ့ရခြင်းက အခုတော့အထမြောက်ပြီလေ
ပန်းစည်းကနည်းနည်းတောင်ကြီးသွားသလားမသိဘူး ။ အဟဲ ကိစ္စမရှိပါဘူး ကြီးကြီး သေးသေး အဓိကကလုပ်ရ... အဲ... အဓိကကဘဲကြီးကြိုက်ဖို့အရေးကြီးတယ် ။
ချစ်ရသူကိုပန်းစည်းလက်ဆောင်ပေးခြင်းဟာလည်း သူ့အချစ်ကိုရနိုင်မယ့်တစ်ခုသောနည်းလမ်း ဆိုလို့ မနေ့ကတည်းကပန်းဆိုင်ကိုဖုန်းဆက်ပြီး ကျူးလစ်ပန်းတွေပြင်ခိုင်းထား တာ ။ ကျွန်တော်ထိုက်ခေါင်ရှိုင်း ဘဲကြီးရဲ့လက်ထောက်ဖြစ်လာတဲ့အထိမ်းအမှတ်လဲပါတာပေါ့ ။ ကိုယ့်ကိုယ်ကိုပြန်မပေးဘဲ ဘဲကြီးကိုဘာလို့ပေးလဲဆို ချစ်လို့လေချစ်လို့ ။
ဘဲကြီးစားပွဲကိုဖုန်တွေပြောင်အောင်တိုက် ။ လိုက်ကာတွေကိုလည်းသန့်ရှင်းနေအောင် ကြက္မွှေးနဲ့လိုက်သုတ်ကာ ဘဲကြီးရုံးအလာကိုစောင့်နေလိုက်သည်
ခနအကြာမှာတော့
" ရှိုင်း ရောက်နေတာကြာပြီလား "
" ဟုတ် ... ဒီမယ် ပန်းစည်းပါသူဌေး "
ဘဲကြီးလက်ထဲအတင်းထည့်ပေးတော့ သူ့မယ်အလုပ်အိတ်တွေဖိုင်တွေကို မနိုင်မနင်းနဲ့ဘေးက စားပွဲပေါ်တင်ကာ ပွေ့ယူသည် ။
" ဒါနဲ့ ကိုယ့်ကိုဘာလို့ပန်းစည်းပေးတာလဲ "
" ချစ်... အဲ .. ဟိုကျွန်တော် သူဌေးလက်ထောက်ဖြစ်လာတဲ့အထိမ်းအမှတ်အနေနဲ့ပါ "
" ဟင် ကိုယ်က ရှိုင်းကိုပေးရမှာမဟုတ်ဘူးလား "
" ေဩာ်... ဒီလိုလေ သူဌေးကကျွန်တော့်ကို လက်ထောက်နေရာပေးလိုက်တာဆိုတော့ ကျွန်တော်ကကျေးဇူးတင်တဲ့အနေနဲ့ပေးတာပါ "
ESTÁS LEYENDO
That's my type!
Romanceဒီဘဲကငါ့အကြိုက်ကွ! ငါ့typeပဲ! ငါကတော့ရအောင်လိုက္မှာ ! ဒီဘဲက ဘာပြောတယ်မှတ်လဲ ? ယောကျ္ားချင်းကြိုက်တာ ရှက်စရာတဲ့! ငါဘာပြန်ပြောလိုက်လဲသိလား? ယောကျ္ားချင်းမကြိုက်တာကမှ ရှက်စရာလို့ !