Ep_11 ' ချာတိတ်နှင့် တွေ့ဆုံမှုအစ '

326 36 6
                                    

လူတိုင်းက နေ့တစ်နေ့ကို ဘယ်လိုစတင်တတ်သလဲမသိပေမယ့် ကိုယ်ကတော့ အလုပ်နဲ့ပဲစတင်လာခဲ့တာ ကြာပြီဖြစ်သည် ။ ဒယ်ဒီရဲ့ကျန်းမာရေးကြောင့် စီးပွားရေးကိုငယ်ငယ်ထဲက လက်တွဲပြောင်းယူခဲ့တာဆိုတော့ အချိန်ကာလတစ်ခုထိကြာခဲ့ပြီပေါ့ ။

နေ့စဥ္နေ့တိုင်းအလုပ်ထဲခေါင်းနှစ်နေခဲ့ရာက ရည်းစားမရှိဘဲ တစ်ဦးတည်းလူပျိုကြီးဖြစ်ကျန်ခဲ့တာကို သူငယ်ချင်းအပေါင်းအသင်းများကလည်းကြုံတိုင်းစကားနာထိုးကြသေးသည် ။ အဲ့တုန်းကတော့ သူတို့ပြောတာကိုနားထဲမရောက်ဘဲ ကိုယ့်ကိုယ်ကိုဟုတ်လှချည်ရဲ့၊ တော်လှချည်ရဲ့ဆိုပြီး အထင်ကြီးခဲ့သေးတာ ။

အခုအသက်32ကိုရောက်လာတော့မှ အချစ်ကိုမရှာဘဲ စီးပွားရေးကိုပဲရှာခဲ့တာကို နောင်တရချင်သလိုဖြစ်လာ၏ ။ ဖြစ်လာဆို သူငယ်ချင်းတွေက အိမ်ထောင်တွေကျပြီး မိသားစုဘဝလေးတွေတည်ထောင်နေပြီမဟုတ်လား ။ ကိုယ့်အသွေးအသားနဲ့ဖြစ်တည်လာတဲ့အသိုက်အမြုံလေးတစ်ခုကိုတော့ လိုချင်တောင့်တရပါတယ် ။

" သားရေ!!.. မာမီတို့အဆင်သင့်ဖြစ်ပြီနော် .. လေဆိပ်သွားကြတော့မလား ... သားရောပြီးပြီလား "

" ဟုတ်ကဲ့ ပြီးပါပြီမာမီ.. သားအခုပဲဆင်းခဲ့ပါ့မယ် "

Rolexနာရီတစ်လုံးကိုကောက်ပတ်ကာ ကားသော့ယူပြီးအိမ်အောက်ထပ်ကိုဆင်းလာတော့ ဒယ်ဒီတို့ကအထုတ်အပိုးတွေနဲ့အိမ်ရှေ့ပင် ရောက်နေလေပြီ ။

" သား... သေချာစဥ္းစားပြီးပြီလား.. အိမ်အကူခေါ်မယ့်ကိစ္စကို "

" စဥ္းစားပြီးပါပြီမာမီရဲ့ .... သေချာပါတယ် ... သားအတွက်အိမ်အကူခေါ်ပေးခဲ့စရာမလိုပါဘူး "

" မာမ္ီကအိမ်အကူထပ်ခေါ်ပေးမလို့လုပ်နေတာကို သားကဦးလှနဲ့ဒေါ်ပုကိုပါ ရွာပြန်ခိုင်းလိုက်သေးတယ်ဆို "

မာမီကဆူတော့ ဒယ်ဒီကဝင်တားမလားမှတ်တယ် ကားကိုတောင်ပတ်ပြီးဟိုဘက်ခြမ်းကိုသွားထိုင်နေလေရဲ့ ။ အိမ်မှာရှိတဲ့ ခြံစောင့်တဲ့ဦးလှနဲ့ ဟင်းချက်တဲ့ဒေါ်ပုကို တစ်ယောက်ထဲနေတဲ့ကိုယ်က ဘယ်လိုပါတော့မလဲ ။ မာမီတို့ကြောင့်သာ သူတို့ကိုခေါ်ထားရတာ ။ အသက်32ရှိပြီဖြစ်တဲ့လူတစ်ယောက်က ကိုယ့်တစ်ဖို့စာတော့ တစ်ယောက်ထဲလည်း အဆင်ပြေပါသည် ။

That's my type!Où les histoires vivent. Découvrez maintenant