ရုံးခန်းထဲရောက်တော့ ကြည်သာက ဆိုဖာပေါ်မှာ စာအုပ်ဖတ်ရင်း မိန့်မိန့်ကြီးထိုင်စောင့်နေလေသည် ။
" မလာစဖူးပါလား ။ ဘာလဲ... မိန်းမကအိမ်ကနှင်ချလိုက်လို့လား "
" မင်းကလဲ ကိုယ့်သူငယ်ချင်းကို အထင်သေးမယ်ဆိုတာကြီးပဲ "
" အထင်မကြီးတာပါ "
" တော်သေးတာပေါ့ "
" အေး "
" ဟာ! ဟေ့ကောင်! မင်းကတော့! "
" ဟား...ဟား... အဟုတ်ပြောတာပဲလေ "
" အေးပါကွာ ပြောထားဦးပေါ့ ။ နောက္မှအချစ်ရေးလေးအကူညီပေးပါဦးဆို ဆောရီးပဲနော်ငါက "
" မင်းကလည်း ဒါနဲ့ပဲကိုင်ပေါက်နေတော့တာပဲ .. ပြောစရာရှိတာမြန်မြန်ပြော ကားလာကြည့်တာလား "
" အေး.. ဟုတ်တယ် ... ငါ့အလုပ်ကနောက် projectအတွက် နယ်ဘက်တွေဆင်းရမှာဆိုတော့ .. အရင်ကားနဲ့မဖြစ်ဘူးလေ "
" အေးအေး.. ဟုတ်ပြီ ..အောက္မှာမင်းကိုလိုက်ပြပေးဖို့ငါ့ဝန်ထမ်းလေးတစ်ယောက်ကိုအပ်ပေးခဲ့မယ် "
အစောထဲက ကားတစ်စီးလောက်ကြည့်ချင်လို့လာတာပြောရင် အပေါ်ထိတောင်တက်လာစရာမလိုဘူး အချိန်တွေကုန်အောင် ။
လောလောနဲ့ကိုယ့်ကို ကြည်သာကမမှိတ်မသုန်လိုက်ကြည့်ရင်း နောက်ကလိုက်ပါလာသည် ။
" နေပါဦးကွ.. မင်းကလောလော လောလောနဲ့ ဘယ်သွားစရာရှိလို့တုန်း "
" ငါဒီနေ့ချာတိတ်နဲ့ ကော်ဖီဆိုင်ထိုင်မလို့ .. သွားနေတုန်းမင်းဖုန်းဆက်လို့ပြန်လှည့်လာရတာ "
အဲ့ကျမှ ကြည်သာက အားနာသလိုမျက္နှာဘေးကို အတင်းလုပ်ယူကာ
" ဟာ... ဆောရီးပါကွာ ... မသိလိုက်လို့ပါ ... ငါကအခုတော့ သာသနာပျက်ကြီးဖြစ်ပြီပေါ့ "
" သိရင်ပြီးတာပဲ "
" ငါ့ကောင်က ဒီလိုကျသွက်သားပဲကွ... ဟမ်... ကော်ဖီဒိတ်ဖို့ တန်းချိန်းလိုက်တာပဲပေါ့ "
" မဟုတ်ရပါဘူးကွာ.. ချာတိတ်ကသူ့ကိုမုန့်ဝယ်ကျွေးဖို့ပြောထားတာကြာပြီ ...ငါကအကြွေးတင်နေတာ... အခုသူနားနေတဲ့အချိန်နဲ့ဆိုတော့အကိုက်ဖြစ်ပြီး တစ်ခါထဲဝယ်ကျွေးဖြစ်သွားတာ "
BẠN ĐANG ĐỌC
That's my type!
Lãng mạnဒီဘဲကငါ့အကြိုက်ကွ! ငါ့typeပဲ! ငါကတော့ရအောင်လိုက္မှာ ! ဒီဘဲက ဘာပြောတယ်မှတ်လဲ ? ယောကျ္ားချင်းကြိုက်တာ ရှက်စရာတဲ့! ငါဘာပြန်ပြောလိုက်လဲသိလား? ယောကျ္ားချင်းမကြိုက်တာကမှ ရှက်စရာလို့ !