Chapter-1

163 10 2
                                    

ရှဲ့ယွီချန်အတွက်တော့ ရုရှားနိုင်ငံ၏ ဆောင်းရာသီကိုသူတကယ်မကြိုက်။ သူတော်စင် Issac ၏ဘုရားရှိကျောင်းတော် ဘေးတစ်ဖက်ရုံးက တံခါးစောင့်ကလည်းမလာသေးပေ၊ ထို့အတွက် သူသည် ကောင်းကင်မှနှင်းများထူထဲစွာကျဆင်းလာသည်နှင့်အတူ တံခါးအပြင်ဘက်တွင်ရပ်နေခဲ့ရသည်။ ရုရှားလူမျိုးများတွေမှာ ဤကဲ့သို့သောရာသီဥတုမျိုးတွင် အပြင်မထွက်ကြချေ။ ဤနေရာတွင် ‌အဝေးတစ်‌နေရာရှိ လမ်းမီးတိုင်အောက်မှ ဆားများကိုဖြူးနေရင်းဖြင့် သူ့အားစောင့် ကြည့်နေသော အဘိုးအိုတစ်ယောက်သာရှိသည်။

ရှဲ့ယွီချန်သည် ကြီးမားသောလေကာအင်္ကျီနှင့် အနက်ရောင်အနားသတ်ထားသော အဖြူရောင်ဦးထုပ်တို့အား ဝတ်ဆင်ထားရင်း ခိုင်ခံ့စွာရပ်နေခဲ့သည်။

တဖြည်းဖြည်းနောက်ကျလာနေပြီ။ အကယ်၍ မကြာမီအချိန်အတွင်းမှာ ဧည့်ကြိုကသာတံခါးမဖွင့်ပေးသေးဘူးဆိုရင် အပြန်လမ်းတွင် သူတကယ်ကိုခဲသေသွားလောက်သည်။ သူတွေးနေချိန်မှာပဲ နောက်ဆုံးတွင်တံခါးပွင့်သွားခဲ့သည်။ ရုရှားလူမျိုးဘုန်းတော်ကြီးတစ်ပါးသည် သူ၏ခေါင်းကိုပြူထွက်ကာ [1]နွမ်းနယ်နေသောမျက်လုံးများဖြင့် ကြည့်လာခဲ့သည်။

" တရုတ်လူမျိုးလား "

ဘုန်းတော်ကြီးက အလွန်ကောင်းမွန်သော ပြေပြစ်သည့်တရုတ်စကားနှင့်အတူ သူတို့အားမေးလာခဲ့သည်။ ရှဲ့ယွီချန် ခေါင်းညိတ်လိုက်သည့်အခါတွင် ဘုန်းတော်ကြီးက ပြောလာသည်

"မင်းလာတာစော‌တာပဲ"

ထို့နောက် သူ ရှဲ့ယွီချန်၏အနောက်တွင် ရှိနေသည့်အမျိုးသား တစ်ယောက်အားသတိထားမိလိုက်၏။ ထိုအမျိုးသားသည် အလွန်အရပ်ရှည်ပြီး ထူထဲသောအနက်ရောင်ကုတ်အင်္ကျီ၊ သားမွေးဦးထုပ်နှင့် နေကာမျက်မှန်ကို ဝတ်ဆင်ထားသည်။

"မင်းရဲ့ e-mail မှာမင်းတစ်ယောက်တည်းလာမယ်လို့ ပြောခဲ့တာမဟုတ်လား"

"ဒါက ငါတို့ကိုယ်ပိုင်စရိတ်နဲ့လာတာပါ"

ဘုန်းတော်ကြီးသည် အရပ်ရှည်သောသူအားကြည့်လိုက်ပြီး အတည်ပြုလာခဲ့သည်

ပန်းဖုံးသောညအားဖြတ်သန်းလျက်: အသံမပေးရောက်ရှိလာလေသောအဆုံးသတ်Where stories live. Discover now