Chapter-3

38 6 0
                                    


ရှဲ့ယွီချန်ပြောပြီးသည်နှင့်တပြိုင်နက် သူ့အနားတွင်ရှိနေသော တရုတ်စကားပြောသည့် ဘုန်းတော်ကြီးသည် ရုတ်တရက်ပင် ဒွိဟပေါက်ခုနှစ်ပေါက်မှ သွေးများထွက်လာသည်။ ဘယ်သူကမှ ဘာဖြစ်သွားလည်းဆိုတာ မသိကြပေ။ သူသည် ဒူးထောက်ကျသွားပြီး ကြမ်းပြင်ပေါ်သို့လဲကျသွားခြင်းဖြစ်သည်။
ရှဲ့ယွီချန် ချက်ချင်းပင်ပြေးသွားလိုက်ပြီး သူ့အားကူညီရန်သွားလိုက်သည်။ သို့သော် သူတစ်ဖက်လူ၏သွေးခုန်နှုန်းကိုစမ်းလိုက်သည့် အချိန်မှာတော့ ဘုန်းတော်ကြီးသည် သေနေပြီဖြစ်သည်။ သူချက်ချင်းပင် ချွေးအေးများထွက်လာရသည်။ ဒီနေရာမှာ ဖြစ်နေတဲ့ ဘယ်အရာပဲဖြစ်ဖြစ် စိတ်ကူးထားသည်ထက်ကျော်လွန်ကာ အလွန်ဆိုးရွားသည့် အခြေအနေဖြစ်သည်မှာ သိသာနေသည်။

သူချက်ချင်းပင် ဝိုင်းကြည့်နေကြသည့် သူများအား သတိပေးရန်လှမ်းကြည့်လိုက်သည်။ သို့သော် သူ၏ခေါင်းအားလှည့်လိုက်သည်နှင့်တစ်ပြိုင်နက် လူများအားလုံး သွေးထွက်နေကြပြီကို တွေ့လိုက်ရသည်။ သူတို့ တစ်ယောက်ပြီးတစ်ယောက် ကြမ်းပြင်ပေါ်သို့ လဲကျသွားကြသည်နှင့် အသံတစ်ချက်ပင်မထွက်ပဲသေဆုံးသွားကြသည်။ သူမှလွဲ၍ သီးသန့်ဝတ်ပြုခန်းထဲရှိ လူများအားလုံးသေဆုံးမသွားခင် လေး၊ ငါးစက္ကန့်လောက်သာကြာခဲ့သည်။ သူချက်ချင်းပင် အမိုးခုံးကို လှည့်ကြည့်လိုက်သော်လည်း တောက်ဘုန်းကြီး၏ ခန္ဓာကိုယ်မရှိတော့သည်ကို တွေ့လိုက်ရသည်။

သွားပြီ မကောင်းတော့ဘူး။

" ဟေးယန်ကျင်း" သူအော်ခေါ်လိုက်သည်။

" အပေါ်တက်မလာခဲ့နဲ့ မြန်မြန်ထွက်သွား!"

ထိုအချိန်တွင် သီးသန့်ဝတ်ပြုခန်းထဲရှိ မီးများအားလုံးမှိတ်သွားပြီး တစ်ခဏအတွင်းပင် ကြီးမားသည့်နေရာလွတ်ကြီးတစ်ခုလုံး အမှောင်ထုဖြင့် ပိတ်ဖုံးသွားသည်။ သူရုတ်တရက်ဆိုသလို သူ့အနောက်ဘက်တွင် ပြင်းထန်သည့်အသားပုပ်နံ့ကိုရလိုက်သည်။ တာအိုဘုန်းကြီးသည် သူ့နောက်ကျောပေါ်တွင် လဲလျောင်းနေကြောင်း သူချက်ချင်းသိလိုက်သည်။ ရှဲ့ယွီချန်သည် တွေးဖို့တောင်အချိန်ပေးမနေပေ။
သူချက်ချင်းပင် ခန္ဓာကိုယ်ကို ကွေးချလိုက်ပြီး သူ၏အနောက်ဘက်ရှိ ဖန်ပုတီးစေ့နှစ်ခုကို လက်မှဖမ်းဆုပ်ကိုင်ရင်း ခြောက်မီတာ ခုနှစ်မီတာအထိ ပြေးထွက်လာခဲ့သည်။ ထို့နောက် သူသည် သူယခုလေးတင်ရပ်နေခဲ့သည်နေရာသို့ ပုတီးစေ့များကို ပစ်ထုတ်လိုက်သည်။ လေယာဉ်ပေါ်သို့ သံဘောလုံးများ သို့မဟုတ် လက်နက်များ ယူဆောင်လာရန် ခွင့်မပြုသည့်အတွက် သူ လမ်းရှိ သားငါးဈေးတစ်ခုတွင် ရပ်ကာ ဖန်စကျင်ကျောက်အချို့ကို ဝယ်ယူခဲ့သည်။

ပန်းဖုံးသောညအားဖြတ်သန်းလျက်: အသံမပေးရောက်ရှိလာလေသောအဆုံးသတ်Where stories live. Discover now