Chapter-13

22 3 0
                                    

ရှဲ့ယွီချန်မှာအသင့်စားခေါက်ဆွဲကိုစားနေခဲ့သည်။  သူတို့တည်းနေသည့်နေရာမှာတော့အဆောက်အဦ၏ တစ်ဖက်ခြမ်းတွင်ရှိနေပေသည်။

အဆောက်အဦမှာ ဥရောပပုံစံ ကြေးနီအမိုးနှင့် အနောက်တိုင်းပုံစံအဆောက်အဦးတွဲကြီးဖြစ်၏။ ထိုအရာက ဂျပန်အဆောက်အဦဟောင်းတစ်ခုအား ဖြိုဖျက်ကာတစ်ခြားနေရာမှသယ်ယူလာပြီး ဤနေရာတွင်ပြန်ဆောက်ထားသည်မှန်း မြင်သာသည်။

အတွင်းပိုင်းအတော်အများက ပြင်ဆင်ထားတာကြောင့် ကြည့်ရတာရိုးရှင်းနေရင်တောင်မှာ လမ်းလျှောက်သွားရင် အသံတွေမမြည်လောက်အောင်တော့ ခိုင်ခံ့သည်။

အဆောက်အဦအတွင်းမှာ အခန်း၁၄ခန်းပါပြီး ၇/၈ခန်းလောက်ကို အစေခံတွေအသုံးပြုပြ ကျန်အခန်းတွေကိုတော့ ဧည့်သည်များအားဧည့်ခံရန်ထားသည်။ သူတို့တွေအားလုံးက ခေတ်မှီပစ္စည်းများနှင့် အခန်းကောင်းများဖြစ်သည်။

နားကြပ်တစ်ဖက်ခြမ်းမှာ ဟေးယန်ပျင်းမှာတော့တိတ်ဆိတ်နေသည်။ ကန်လေးထဲကိုခုန်ချပြီးနောက်မှာတော့ ဘေးပတ်ဝန်းကျင်ကို ရှာဖွေပြီးစူးစမ်းဖို့အတွက် အချိန်အနည်းငယ်တော့လိုတာသိသာသည်။

သူ ဘေးဝန်ကျင်အားရှာဖွေနေသည်ကိုတိတ်ဆိတ်စွာ စောင့်နေရင်း ရှဲ့ယွီချန်မှာ စားပွဲပေါ်မှာရှိနေတဲ့ အဆောင်အဦတွဲ၏မိတ်ဆက်စာအုပ်အား လှန်လျောကြည့်ရှုနေလိုက်သည်။

စာသားတွေကို ဘာသာစကားအများအပြားနဲ့ ထုတ်ထားပြီး အဆောက်အဦတွဲမှာ မူလက ကာမာကူရာမြို့၏ကမ်းရိုးတန်းမှာဖြစ်ကြောင်းရှင်းပြထားသည်။

အဆောက်အဦတွဲ၏ မူလပိုင်ရှင်မှာထိုအချိန်တုန်းက လက်ပတ်နာရီကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သည်။ ဤလက်ပတ်နာရီကုမ္ပဏီမှာ ဂျပန်တွင်ကျော်ကြားတဲ့brandဖြစ်ပေမဲ့လည်း အဆောက်အဦကိုရောင်းလိုက်တာကိုကြည့်ရရင် လက်ရှိပိုင်ရှင်မှာ မတူတာသေချာ၏။

မိတ်ဆက်စာအုပ်မှာ အလွန်ထူပြီး အိမ်ကိုပြန်လည်အောက်မေ့စေနိုင်မည့် အကျဥ်းချုံးယေဘုယျ ခြုံကုံချက်ကိုဖော်ပြထားသည်။ သခင်လေး Yushkaက ရှေးဟောင်းဂျပန်အဆောက်အဦတွေနဲ့ သူတို့ရဲ့သမိုင်းနဲ့သက်ဆိုင်နေတဲ့ အရေးပါတဲ့သတင်းအချက်အလက်တွေကို အမှန်တကယ်စုဆောင်းနေတယ်ဆိုတာကိုလည်း သိသာနေစေသည်။

You've reached the end of published parts.

⏰ Last updated: Mar 20 ⏰

Add this story to your Library to get notified about new parts!

ပန်းဖုံးသောညအားဖြတ်သန်းလျက်: အသံမပေးရောက်ရှိလာလေသောအဆုံးသတ်Where stories live. Discover now