Chapter-12

31 6 0
                                    


ဟေးယန်ကျင်း  ဖြည်းညင်းစွာ ချည်းကပ်သွားလိုက်သည်။ ထိုအရာက သက်မဲ့ပစ္စည်းတစ်ခုနှင့်တူနေသည်—plushy လို့တစ်ခုခုမျိုးဆိုတာ သေချာသလောက်ပဲ—ဒါပေမဲ့ ထိုအရာက စင်္ကြံလမ်းရဲ့ မျက်နှာကျက်ကနေတွဲကျနေပြီး လူတွေရဲ့လမ်းကိုပိတ်ထားသည်။

အစေခံတွေ ဒီနေရာကဖြတ်သွားတဲ့အခါ ဒီအရာကြောင့်အသေအချာကို အနှောင့်အယှက်ဖြစ်ရမှာပဲ ဒါပေမဲ့ ဘယ်တစ်ယောက်ကမှ  ဒီအရာကိုဖြုတ်ချဖို့အတွက် အလုပ်ရှုပ်ခံမနေကြပဲ သူတို့ရဲ့သခင်က ထိုအရာကိုထိတွေ့ဖို့ရာ တားမြစ်ထားသည့်ပုံပေါ်နေသည်။

တရုတ်ပြည်ရဲ့ ရှုခင်းနေရာတွေမှာရှိတဲ့ ဆိုင်ငယ်လေးတွေမှာ ပုံစံတူမျိုးတွေရှိသည်။ ထိုအရာကိုကြည့်ရတာ တံခါးပေါက်ဝမှာချိတ်ထားပြီး တစ်ယောက်ယောက်ဝင်လာသည့်အခါ အသံမြည်တတ်သော စျေးပေါသည့်အရုပ်များထဲမှာ တစ်ခုနှင့်တူ၏။ ထိုအရာ၏ ရည်ရွယ်ချက်က မင်းကိုခြောက်လှန့်ဖို့အတွက်တင်မဟုတ်ပဲ အိပ်ပျော်နေတဲ့အရောင်းစာရေးကို စျေးဝယ်သူလာပြီဆိုတာ သတိပေးဖို့ရန်လည်းဖြစ်ပေသည်။

သေချာသလောက်ပင် ဟေးယန်ကျင်းမှာ ပင့်ကူနှင့်ခြေလှမ်းသုံး၊လေးလှမ်းလောက်အထိ ရောက်သွားသည့်အခိုက် ထိုအရာကရုတ်တရက်ရွေ့သွားသည်။ ထိုအရာ၏မျက်လုံးမှာ အနီရောင်တောက်ပလာပြီး ခြေချောင်းများသည် ပိုးချည်မျှင်ပေါ်သို့တွားသွား သွားသကဲ့သို့ စတင်ရွေ့လျားလာကြသည်။

သေချာတာပေါ့၊ အဲ့ဒါကြီးကအမှန်တကယ်တွားသွားနေတာမဟုတ်ပါဘူး။ ထိုအရာက ကြမ်းတမ်းစူးရှတဲ့ "ဂျစ်ဂျစ်ဂျစ်ဂျစ်" အသံတွေနောက်ကဖြစ်ပေါ်လာတဲ့ လှုပ်ရှားမှုသက်သက်ပဲ။ ကော်ရစ်ဒါကနေ တွဲလောင်းကျနေတဲ့ဒီအစုတ်အနုတ်ကုပ်ပစ္စည်းက ဒီနေရာမှာရှိနေတဲ့ သစ်လွင်လန်းဆန်းတဲ့ဗိသုကာလက်ရာပုံစံနဲ့ အလွန်ကိုမှမလိုက်ဖက်လှဘူး။

ဒါပေမဲ့ သူတကယ် အဲ့ဒါကြီးကိုတကယ်ချိတ်မထားခဲ့ရင် အစေခံတွေက သူတို့ရဲ့အလုပ်တွေကိုနှောင့်နှေးမနေစေအောင် သေချာပေါက်ဖယ်ပစ်ကြလိမ့်မယ်။ ဟေးယန်ကျင်းက Bluetooth မိုက်ခွက်ပါနားကြပ်ကိုထုပ်တပ်လိုက်ကာ ရှဲ့ယွီချန်အားဖုန်းခေါ်လိုက်ပြီး သူ၏ဖုန်းအား အိတ်ထောင့်တွင်းသို့ထည့်လိုက်သည်။ လိုင်းတစ်ဖက်မှလူက ခေါက်ဆွဲစားနေသည်ကို သူကြားနိုင်သည်။

ပန်းဖုံးသောညအားဖြတ်သန်းလျက်: အသံမပေးရောက်ရှိလာလေသောအဆုံးသတ်Where stories live. Discover now