Chapter-4

33 5 0
                                    


ရှဲ့ယွီချန်အတွက် အံ့အားသင့်စွာပဲ နေရာလွတ်တစ်ခုလုံးသည် အနံ့အသက်များ မကောင်းခြင်းဖြစ်မနေ။ သူ၏ လက်ချောင်းများကို ကြမ်းပြင်ပေါ်သို့ချလိုက်ပြီး အမျိုးသမီးအလောင်းကောင်ရှိရာသို့ တဖြည်းဖြည်းတွားသွားလိုက်သည်။ အကယ်၍ မင်းမြင်ကွင်းမှာရှိနေပါက နိမ့်သောနေရာအတွင်းသွားနေသော ရှဲ့ယွီချန်၏ လှုပ်ရှားမှုများမှာ အလွန်ပင်ပျော့ပျောင်းပြီး လွယ်ကူနေသည်။ သူ၏ အရိုးပုံစံတစ်ခုလုံးသည် ကြောင်ပုံစံအနေအထားကဲ့သို့ ဖြစ်နေ၏။

သူသည် ဝမ်းလျားမှောက်ထားခြင်းကြောင့် သူ၏ အားကစားစွမ်းရည်တစ်ခုကိုမျှ ဆုံးရှုံးလိုက်မည်ဟု မထင်ပေ။ ဆန့်ကျင်ဘက်ဖြစ်စွာပင် တစ်ခဏအတွင်းမှာပဲ သူအရှိန်မြှင့်နိုင်လိမ့်မည်ဖြစ်သည်ကို ကောင်းစွာသိသည်။ ချုပ်ပြောရရင် ရှဲ့ယွီချန်သည် ဘယ်တုန်းကမှ ကျဥ်းမြောင်းပြီးရှုပ်ထွေးသောနေရာများကိုမကြောက်ခဲ့ပေ။

အမျိုးသမီးအလောင်းကောင်သည် အလွန်လှပပြီး သူမ၏ အရေပြားသည် ကျောက်စိမ်းအသွင်သို့ပင် ပြောင်းနေပုံရသည်။ သူမ၏ အရေပြားပြင်ပအလွှာများသည် ကြည်လင်သော ရေခဲသားကျောက်စိမ်းနှင့်တူပြီး အတွင်းရှိ သွေးကြောများသည်တော့ ကျောက်စိမ်းတုံးပုံစံကွက်များနှင့်တူနေသည်။

သူမကို ကိုင်တွယ်ဖို့ရန် ဘယ်နည်းလမ်းကိုသုံးမှာလည်းဆိုတာ သူ့အပေါ်မူတည်တယ်ဟု ပြောကတည်းက ဟေးယန်ကျင်းသည် သူ့အားအရိပ်အမြွက်ပေးထားခဲ့ပြီးဖြစ်သည်။ ရလဒ်အနေနှင့် နောက်ထပ်ဘာဆက်လုပ်ရမည်ဆိုသည်ကို ရှဲ့ယွီချန်သိနေခဲ့ပြီးပြီ။

" စကားပြောချင်လား"

လူသေအမျိုးသမီး၏ လေးမီတာအကွာတွင် ရှဲ့ယွီချန်ထိုင်ချလိုက်၏။ သူ၏ ပန်းရောင်ရှပ်အင်္ကျီနှင့်အတူ ဖြူဖွေးသောပန်းပွင့်များအလယ်တွင် ထိုင်လိုက်ပြီး သူ၏မျကမနှာချင်းဆိုင်တွင် ထိုင်နေသည့် အဖြူဝတ်အမျိုးသမီးအားကြည့်လိုက်သည် မြင်ရသည်မှာ သူသည် ဇာတ်လမ်းတစ်ပုဒ်၏ အဓိကဇာတ်ကောင်တစ်ဦးကဲ့သို့ပင်။

အမျိုးသမီးအလောင်းကောင်သည် ရွေ့လျားမှုမရှိပဲနေနေသည်။ ရှဲ့ယွီချန် သူ၏ ဆဲလ်ဖုန်းမီးကို သူမဘက်ထိုးလိုက်သည့်အခါ အလင်းရောင်ကသူမအရေပြားပေါ်တွင် အလင်းပြန်သွားပြီး သူ့ ပတ်ဝန်းကျင်သည် ပို၍လင်းလာသလိုထင်ရ၏။

ပန်းဖုံးသောညအားဖြတ်သန်းလျက်: အသံမပေးရောက်ရှိလာလေသောအဆုံးသတ်Where stories live. Discover now