Chapter-7

27 5 8
                                    

ရေပူစီးကြောင်းသည် တစ်ဟုန်ထိုးမြင့်တက်နေသော်လည်း တိမ်တိုက်များကြားတွင် တည်ငြိမ်နေသည်။ လေယာဉ်၏ ပြတင်းပေါက်ဝိုင်းအပြင်မှ ညနေခင်း နေရောင်ခြည်သည် လေယာဉ်ထမင်းစားခန်းသို့ဖြာကျတောက်ပနေစေသည်။ ရှဲ့ယွီချန် သည်စောင့်ကြည့်ကင်မရာမှ ဗီဒီယိုအားဆက်လက်ကြည့်ရှုနေသည်။ ဒီနေရာက ချီချိုး၏ခန္ဓာကိုယ်အားကားထဲသို့တစ်ယောက်ယောက် ရွှေ့လိုက်သည့်သံသယရှိသည့် စားသောက်ဆိုင်တစ်ခု၏ နှင်းများဖုံးနေသော နောက်ဖေးလမ်းကြားဖြစ်သည်နေရာဖြစ်သည်။

ဒါပေမဲ့ ကင်မရာက ထောင့်တွေကိုမရိုက်ကူးနိုင်ခဲ့ဘူး ဒါကြောင့်အလွန်မှုံဝါးနေတဲ့ ပုံရိပ်ကိုပဲတွေ့ရနိုင်သည်။ ကင်မရာ၏ အကွာအဝေးအနည်းငယ်ကနေ တစ်ယောက်ယောက်က လူပုံစံအရာတစ်ခုကို နှင်းထဲကဆွဲထုတ်နေသည်အား တွေ့ရနိုင်ပြီးနောက် ထိုလူက နံရံနဲ့ကွယ်သွားခဲ့သည်။ စိန့်ပီတာဘတ်မှာရှိတဲ့ ကောင်းကင်မျက်လုံးစနစ်က အရမ်းကိုအိုဟောင်းနေပြီ ဖြစ်တာကြောင့် ပုံထွက်အရည်အသွေးကအလွန်နိမ့်ကျသည်။ သူတို့အတည်ပြုနိုင်ခဲ့တဲ့ တစ်ခုတည်းသောအရာက အဲ့ဒီအရာကယောက်ျားတစ်ယောက်ဆိုသည်ပင် ။

ထိုအရာက အနည်းငယ်မျှသာအသုံးဝင်သော်လည်း အဘွားအိုကြီးက ထိုမျှလောက်များပြားသည့် လူအင်အားနှင့် ပစ္စည်းအရင်းအမြစ်တွေကို အချိန်တိုတိုအတွင်းမှာ သုံးနိုင်တာ စိတ်ဝင်စားစရာကောင်းသည်။ မြို့တစ်ခုလုံးရဲ့ကင်မရာစနစ်ထဲက ဒီစက္ကန့်နှစ်ဆယ်စာ ဗီဒီယိုအပိုင်းလေးကိုရှာနိုင်လျှင် သူမမှာအာဏာအများအပြားရှိသည်မှာ ရှင်းလင်းလှသည်။

" ငါတို့ လူအဖွဲ့အစည်းရဲ့အောက်ခြေက လူတွေရဲ့အလုပ်ခန့်နိုင်မှုကို တိုးတက်စေဖို့လုပ်သားကျောင်း ခြောက်ခု၊ ခုနှစ်ခုလောက်ကို ထောက်ပံ့ပေးထားတယ် ဒီတစ်ခါက ငါကျောင်းသားတွေကို အကူအညီတောင်းခိုင်းလိုက်တာ "

အမျိုးသမီးအိုကြီးသည် သူမ၏ခုံနောက်သို့မှီလိုက်ပြီး ဆက်ပြောသည်။

" မစ္စတာရှဲ့ မင်းရဲ့ သတ်မှတ်ချက်တွေကိုပြောနိုင်ပါတယ်"

" ငါနဲ့ခရီးအတူသွားမယ့်သူက များပြားတဲ့ထောက်ပံ့ကြေးနဲ့ ဝန်ဆောင်ခလိုအပ်တယ် မင်းရဲ့ကုမ္ပဏီကို စာပို့ဖို့ငါ ပေကျင်းကိုပြောပြီးပြီ ဒါကို ငါမလိုအပ်ဘူး ဒါပေမဲ့ ငါကြားတာ မင်း ဂျာမနီ၊ Cologne*မှာ မျက်လုံးနဲ့ဆိုင်တဲ့ သုတေသနအဖွဲ့အစည်းတွေကို ထောက်ပံ့ပေးထားတယ်ဆို
ငါ မင်းရဲ့မျက်လုံးဆိုင်ရာသုတေသနစီမံကိန်းမှာရင်းနှီးမြုပ်နှံချင်တယ် ဘုတ်ဒါရိုက်တာနေရာတစ်နေရာရယ် လစဥ်အစည်းအဝေးရဲ့ အချက်အလက်ကော်ပီတွေကိုလည်း ငါ့ဆီကိုပို့ပေးစေချင်တယ် တကယ်လို့မင်းရဲ့ ရှယ်ယာတွေပြန်နှုတ်ယူလိုက်မယ်ဆိုရင် ငါ့ရဲ့ပထမဆုံးငြင်းဆိုပိုင်ခွင့်ကို အာမခံနိုင်တဲ့ယုံကြည်ချက်သဘောတူစာချုပ်ကိုလည်းရချင်တယ်"

ပန်းဖုံးသောညအားဖြတ်သန်းလျက်: အသံမပေးရောက်ရှိလာလေသောအဆုံးသတ်Where stories live. Discover now