Chapter-10

11 3 0
                                    


Yushkaလေးက အရှေ့တိုင်းဒီဇိုင်းတွေကိုကြိုက်တာကြောင့် တိုကျိုကိုတောင့်တခဲ့သည်။ သူ့မှာ စိတ်ပိုင်းဆိုင်ရာရောဂါရှိသည့်အတွက် သူ့ရဲ့ကိုယ်ပိုင်သမားတော်ကလွဲ၍ ကျန်သူများအားတွေ့ခဲလှသည်။ သူ့ရဲ့အလုပ်က ရှေးဟောင်းဂျပန်အဆောက်အဦတွေကိုဝယ်ပြီး တစ်နေရာထဲတွင်စုစည်းထားရန်ဖြစ်သည်။

တရုတ်ပြည်မှာလည်း ဒီလိုအရာမျိုးကိုလုပ်ကြသည့် လူများစွာရှိသည်။  သူတို့တွေကရှေးဟောင်းအဆောက်အဦတွေရဲ့ စရွေးတံနဲ့ စရွေးတွေ(တံခါးတွေမှာ အပေါက်ဖောက်တဲ့အရာတွေ ဘေးနားမှာနံရံနဲ့ဆက်ဖို့အတွက်)  ကိုတစ်စစီဖြုတ်ကာ သူတို့တွေကိုဖြုတ်နေရင်းနဲ့ ဒီဇိုင်းအသစ်တွေဆွဲပြီး သူတို့တွေကို) တစ်စစီဖြုတ်ထားတဲ့ဟာ) ပရိဘောဂသိုလှောင်သည့်အခန်းထဲ ထည့်သိမ်းထားကြသည်။

သင့်တော်တဲ့ အခွင့်အလမ်းတွေထွက်ပေါ်လာတဲ့အခါမှာ သူတို့တွေက အဲ့ဒီဟာတွေကိုပြန်ထုတ်လာပြီး အိမ်ဆောက်ရာမှာသုံးကြသည်။ အဖိုးတန်တဲ့သစ်အများစုကို ဟောင်းနေတဲ့အဆောက်အဦတွေကိုတည်ဆောက်ရာမှာသုံးတာကြောင့် ဒီဖြစ်စဥ်က ရွှေရောင်နန်းမု (၁)တော်တော်များများကို သစ်သားသစ်ဖြင့် လိုအပ်လာရင်ပြင်ဆင်တာသို့မဟုတ် အစားထိုးတာမျိုးတွင်သုံးနိုင်သည်။

စွန့်ပစ်ခံထားရဲ့တဲ့ရွှေရောင်နန်းမုက တစ်ခါတစ်ရံအိမ်တစ်အိမ်လုံးထက်စျေးပိုကြီးနေတတ်သည်။ ဒါပေမဲ့ ဂျပန်မှာဒီလိုအိမ်ဟောင်းတွေအများကြီးရှိတာမို့လို့ မင်းဒီလိုအလုပ်မျိုးနဲ့ ငွေမရှာနိုင်ဘူး။ ဒီလိုပစ္စည်းမျိုးပေါ်မှာ စတော့ခ်တည်ထောင်ဖို့ကတကယ်ကိုမတန်ဘူး။

Yushka လေးမှာ နေမကောင်းဖြစ်တတ်တဲ့ ဝါသနာလည်းရှိသေးသည်။
သူကနေမကောင်းဖြစ်ရတာကိုခံစားဖို့အတွက် အဏုဇီဝပိုးမျိုးစုံကိုဝယ်ယူပြီး သူ့ကိုယ်သူနေမကောင်းဖြစ်အောင်လုပ်လိမ့်မယ်။ ပြောကြတာတော့ အဲ့ဒါကြောင့်မို့ပဲ သူကစိတ်တန်ခိုးရှိပုဂ္ဂိုလ်ဖြစ်လာတယ်လို့။

ပြောကြတာတော့ သူက ကမ္ဘာရဲ့ အဏုဇီဝရောဂါပိုးတွေအများစုရဲ့ ကူးစက်ခြင်းခံထားရတယ်လို့ဆိုပြီး သူတို့(အဏုဇီဝရောဂါ)တွေအကြောင်းမှတ်တမ်းတင်ထားတဲ့ မှတ်စုတွေတောင်ရှိတယ်လို့ပြောကြသည်။

ပန်းဖုံးသောညအားဖြတ်သန်းလျက်: အသံမပေးရောက်ရှိလာလေသောအဆုံးသတ်Where stories live. Discover now